DVB Logo
Home
မြန်မာသတင်း
သံန္တိသုခ ဖမ်းဆီခံသံဃာများ မဟနကို တရားစွဲရန် ဦးတိုက်လျှောက်
DVB
·
July 16, 2014
သံန္တိသုခ ဖမ်းဆီခံသံဃာများ မဟနကို တရားစွဲရန် ဦးတိုက်လျှောက်
Donate to DVB

ရန်ကုန်တိုင်း တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကနေ အင်အားသုံးဖယ်ရှားခံခဲ့ရတဲ့ သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို မတရားချုပ်နှောင်ထားမှု မတရား တားဆီး ကန့်ကွက်မှုနဲ့ တရားစွဲဆိုဖို့ တရားရုံးမှာ ဒီကနေ့ အမှုဖွင့်လှစ်ကြပါတယ်။

10304626_717692248269278_35537866838145380_nမဟာသန္တိသုခကျောင်းတိုက်ကနေ လူဝတ်လဲဖယ်ရှားခံခဲ့ရပြီး တရားရင်ဆိုင်နေတဲ့ သံဃာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုဖို့ ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၀ နာရီက ဗဟန်းမြို့နယ် တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

နေလယ်ပိုင်းမှာတော့ ဗဟန်းတရားရုံးက လက်မခံနိုင်ကြောင်း ပယ်ချခဲ့တယ်လို့ အမှုဖွင့် သံဃာထဲက ဆရာတော် ဦးဥတ္တရက မိန့်ကြားပါတယ်။

“တရားရုံးက လက်မခံဘူးလေ။ လက်မခံဘူးဆိုတာက ဒီဟာက စီမံခန့်ခွဲမှုအရ လက်မခံတာပါတဲ့။ ဥပဒေအရ လက်မခံတာ မဟုတ်ပါဘူးဆိုပြီး ပြောပြီးတော့ ဘုန်းကြီးတို့တရားစွဲတာ ပြန်ပေးလိုက်တယ်ဆိုတော့ လက်မခံတာပဲပေါ့။”

ဒါပေမယ့် ဒီကိစ္စကို ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းထွန်းအောင်က ပြောပါတယ်။

“တိုက်ရိုက်အကြောင်းပြချက်နဲ့ တရားစွဲလာတော့ ဘယ်လိုလုပ်ရမလဲဆိုတာ စီမံခန့်ခွဲမှုအရ တရားရုံးတွေကို ညွှန်ကြားထားတာရှိတယ်။ အဲဒီညွန်ကြားချက်အရ ဒါကို ပြန်ပေးတာပါတဲ့။ စွဲတာကို ပယ်တာ မဟုတ်ဘူးတဲ့။ ဒီအပေါ်မှာ ဥပဒေနဲ့ ဆက်စပ်ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်ပါတဲ့။”

ဇွန်လ ၁၁ ရက်နေ့က ပီနန်ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်တွေ သတင်းသုံးနေတဲ့ သံန္တိသုခ ကျောင်းတိုက်ကို လုံခြုံရေး အင်အားသုံးဝင်ရောက်ခဲ့ပါတယ်။ ဒီနောက် ကျောင်းတိုက်ကို ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲခဲ့တာပါ။

ဒီနောက်အင်းစိန်ထောင်မှာ ချုပ်နှောင်ဖမ်းဆီးခံခဲ့ရပြီး အာမခံနဲ့ လွှတ်ပေးထားတာပါ။ ဒီနောက်မှာတော့ ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆိုခဲ့တာကြောင့် အမှုရင်ဆိုင်နေကြရပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကို ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသနဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အကြား ပိုင်ဆိုင်မှုအငြင်းပွားပြီးတဲ့နောက် မဟနက ပီနန်ဆရာတော်ဘုရားနဲ့ နောက်လိုက်သံဃာတွေကို ကျောင်းကနေ ထွက်ခွာခိုင်းခဲ့ပါတယ်။

သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့နောက် ပီနန်ဆရာတော်ဘုရား ပြည်ပခရီးစဉ်ထွက်ချိန် သန်းခေါင်ယံကျော်မှာ တိုင်းသံဃနာယကနဲ့ သာသနာရေးဦးစီးဌာနတို့က ကျောင်းတိုက်ကို ချိပ်ပိတ်သလို သတင်သုံးနေတဲ့ သံဃာတွေကို တရားစွဲခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013