DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့ စတစ်ကာကမ်ပိန်းလုပ်၊ နှင်းဆီပွင့် ၆၇၀၀ ဖြင့် အလေးပြုရန် စီစဉ်
DVB
·
July 16, 2014
အာဇာနည်နေ့ စတစ်ကာကမ်ပိန်းလုပ်၊ နှင်းဆီပွင့် ၆၇၀၀ ဖြင့် အလေးပြုရန် စီစဉ်
Donate to DVB

ဇူလိုင်လ ၁၆ ရက်က ၁၈ ရက်အတွင်း ရန်ကုန်မြို့က လူစည်ကားတဲ့နေရာဒေသတွေမှာ အာဇာနည်နေ့ကို မမေ့ကြဖို့နဲ့ အာဇာနည်ကြီးများ ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုကြဖို့ စတစ်ကာကမ်ပိန်းလုပ်တာလို့ Generation Wave အဖွဲ့က ကိုသူရိန်က ပြောပါတယ်။

“အာဇာနည်သို့ ဦးညွတ်ကျသူများ ဆိုပြီးတော့ အာဇာနည့်နေ့ကို ၀န်ကြီးများရုံးနောက်ခံနဲ့ အဲဒီလိုမျိုး အာဇာနည်နေ့မှာ အာဇာနည်နေ့ကို မမေ့ဖို့နဲ့ အာဇာနည်စိတ်ဓာတ်တွေ ရှင်သံဖို့အတွက် အဲဒီလိုပုံစံမျိုးနဲ့ စတေကာကမ်ပိန်းတွေ လုပ်တယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲ အလေးပြုကြဖို့ အဲဒီလိုမျိုး ကမ်ပိန်းလုပ်တာပါ။”

[caption id="attachment_60412" align="alignright" width="300"]၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်များကို နှင်းဆီပန်းခွေနဲ့ အလေးပြု ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်များကို နှင်းဆီပန်းခွေနဲ့ အလေးပြု[/caption]မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကတော့ အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ပြည်သူတွေ နှင်းဆီပန်းနဲ့ အလေးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ အသင်းဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကနေပြီး ၂၀၁၂ ခုနှစ်လောက်ကစပြီး အာဇာနည်နေ့ကို ကျင်းပခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ကစပြီး အာဇာနည်ဗိမာန်မှာ လာရောက်ဂါရ၀ပြုကြတဲ့ မိဘပြည်သူတွေကို နှင်းဆီပန်းတွေ ဝေငှပါတယ်။ ပြီးခဲ့တဲ့နှစ်က ၆၆ နှစ်မြောက်ဖြစ်လို့ ၆၆၀၀ ဝေငှခဲ့ပါတယ်။ ဒီနှစ်မှာတော့ ၆၇ နှစ်မြောက်ဖြစ်လို့ ၆၇၀၀ ဝေငှမှာပါ။ အဓိကက ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်တွေပေးပြီး ရဲရဲဝံ့ဝံ့ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အင်မတန်နူးညံ့လှတဲ့ ပန်းတွေနဲ့ တင့်တယ်အောင် ဂုဏ်ပြုတဲ့ ပုံစံမျိုးလုပ်တာ ဖြစ်ပါတယ်။”

အာဇာနည်နေ့မှာ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က မြေနီကုန်းကနေ အာဇာနည်ဗိမာန်အထိ ချီတက်အလေးပြုကြဖို့ရှိပြီး မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကတော့ အသင်းရုံးခန်းမှာ အာဇာနည်ကြီးတွေကို အလေးပြုပြီး အာဇာနည်ကုန်းမှာ နှင်းဆီပန်း ၆၇၀၀ ပွင့် ဝေငှသွားမှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အာဇာနည်နေ့ကစပြီး အာဇာနည်ကြီးများ ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပေးဖို့ လွှတ်တော်အမတ်တွေအပါအ၀င် ပြည်သူအများစုက တောင်းဆိုခဲ့ကြပြီး အစိုးရကတော့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မနှစ် ၂၀၁၃ ခုနှစ် အာဇာနည်နေ့မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လူငယ်တွေရဲ့ စည်းရုံးလုပ်ဆောင်ချက်နဲ့ ရန်ကုန်မြို့က လမ်းတွေပေါ်မှာ သွားလာနေတဲ့ကားတွေ ရပ်ပြီး ဟွန်းတီးကာ အလေးပြုခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ အာဇာနည်နေ့မတိုင်မီ ရက်ပိုင်းအလိုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကားဟွန်းတီးရင် လိုင်စင်ပိတ်သိမ်းတဲ့ထိ အရေးယူမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013