DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သွေးလွန်တုပ်ကွေးအဖြစ်များလာပြီး သေဆုံးသူရှိ
DVB
·
July 15, 2023
ရခိုင်တွင် သွေးလွန်တုပ်ကွေးအဖြစ်များလာပြီး သေဆုံးသူရှိ
Donate to DVB

ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာပြီး သေဆုံးသူတွေလည်း ရှိနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနဆီက သိရပါတယ်။

ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတယောက်က "ဇွန်လမှာ ၄၂၆ ယောက် အထိရှိခဲ့တယ်။ ဇွန်လထက် ဇူလိုင်လအတွင်းမှာ ပိုများလာနေတယ်။ သေဆုံးတာတွေလည်း ရှိလာနေတယ်။ အခုအချိန်မှာ ခြင်သားပေါက်တဲ့ ရာသီဆိုတော့အိမ်တိုင်းကို ခြင်သားပေါက်တွေသေစေတဲ့ဆေးတွေ ဖြန့်ဝေပေးထားတာရှိတယ်” လို့ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များတဲ့ မြို့နယ်တွေကတော့ ကျောက်ဖြူမြို့နယ်မှာ ၁၀၄ ယောက်၊ စစ်တွေမှာ ၆၆ ယောက်၊ တောင်ကုတ်မြို့နယ်မှာ ၆၃ ယောက်၊ မောင်တောမြို့နယ်မှာ ၇ ယောက်နဲ့ တခြားမြို့နယ်တွေမှာလည်း ၁ ယောက် ၂ ယောက်လောက်စီရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူတယောက်က "ရခိုင်မှာ ဖြစ်နေတဲ့ တုပ်ကွေးက သာမန်ရာသီပေါ်တုပ်ကွေးဆိုပေမဲ့ သွေးစစ်ရာမှာ သွေးလွန်တုပ်ကွေးပိုး တွေ့ရတာတွေ များလာနေတယ်"လို့ ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာက ၃ တန်း ကျောင်းသူတယောက် သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်၊ ဖောင်းခါးကျေးရွာက ပဉ္စမတန်းကျောင်းသား တယောက် သွေးလွန်တုပ်ကွေးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေတုန်း သေဆုံးသွားခဲ့သလို စစ်တွေမြို့၊ သဲချောင်းရွာက မွတ်ဆလင်ကလေးတယောက်လည်း စစ်တွေဆေးရုံမှာ ဆေးကုသနေတုန်း သေဆုံးခဲ့ရပါတယ်။

ပြီးတော့ မြေပုံမြို့နယ်၊ ညောင်တောကျေးရွာက အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တယောက် ဇူလိုင် ၈ ရက် နေ့မှာ သေဆုံးခဲ့ပြီး ပေါက်တောမြို့နယ် ဆေးရုံမှာလည်း ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်က စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ကလေးငယ် ၄၂၆ ယောက် ဆေးရုံတက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အယောက် ၉၀၀ ကျော်ရှိခဲ့​ပြီး အခု ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ရောဂါဖြစ်သူ ၄၂၆ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013