DVB Logo
Home
နိုင်ငံတကာ
ဘီလာရုစ်နိုင်ငံ၌ ဝဂ္ဂနာအုပ်စုက စစ်သားများကို လေ့ကျင့်ပေးနေ
DVB
·
July 15, 2023
ဘီလာရုစ်နိုင်ငံ၌ ဝဂ္ဂနာအုပ်စုက စစ်သားများကို လေ့ကျင့်ပေးနေ
Donate to DVB

ရုရှားကြေးစားတပ်ဖွဲ့ဖြစ်တဲ့ ဝဂ္ဂနာအုပ်စုမှ တိုက်ခိုက်ရေးသမားတွေဟာ ဘီလာရုစ်နိုင်ငံမှာ စစ်သားတွေကို လေ့ကျင့်ပေးနေကြောင်း ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာ  စစ်ရေးဆိုင်ရာ စည်းကမ်းချက်များစွာကို နည်းပြတွေအဖြစ် သင်ပြပေးတယ်လို့ ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

မင့်စ်ခ်မြို့တော်ရဲ့ အရှေ့တောင်ဘက် ၉၀ ကီလိုမီတာ အကွာက အိုစီပိုဗစ်ချ် မြို့အနီးရှိ စစ်စခန်း တခုမှာ ဝဂ္ဂနာတိုက်ခိုက်ရေးသမားတွေဟာ ဘီလာရုစ်စစ်သားတွေကို သင်ကြားပြသနေပုံ ဗွီဒီယိုကိုလည်း VOEN-TV ချန်နယ်မှတဆင့် ထုတ်ပြန်ပြသခဲ့ပါတယ်။ 

ရုရှားနိုင်ငံ ဝဂ္ဂနာ ကြေးစားလက်နက်ကိုင်အဖွဲ့မှ တိုက်ခိုက်ရေးသမားတချို့ဟာ အခုခါ ဘီလာရုစ်မှာ ရှိနေကြပြီး အင်္ဂါနေ့ကတည်းက အဲဒီနေရာကို ရောက်ရှိနေကြောင်း တိုက်ခိုက်ရေးသမားတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် ၂ ခုက ရိုက်တာကို မနေ့ ပြောကြားခဲ့ပါတယ်။  

ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ရုရှားကြေးစားတပ် ဝဂ္ဂနာအဖွဲ့က လက်နက်ကိုင် ပုန်ကန်ခဲ့ရာမှာ ရုရှားတောင်ပိုင်း ရော့စ်တော့ဗ်မြို့ကို သိမ်းပိုက်ပြီး မော်စကို ကို ချီတက်လာရာမှာ စစ်ရဟတ်ယာဉ် အများအပြားကို ပစ်ချခဲ့ပြီး လေယာဉ်မှူးတွေ သေဆုံးခဲ့ပါတယ်။ 

ဒီပုန်ကန်မှုကို အဆုံးသတ်ဖို့ ဘီလာရုစ်ခေါင်းဆောင် အလက်ဆန်ဒါ လူကာရှန်ကို က သဘောတူညီချက် တခုနဲ့ ကြားဝင် အကျိုးဆောင်ပေးခဲ့တာပါ။ 

အဲဒီသဘောတူညီချက်အရ ဝဂ္ဂနာအကြီးအကဲ ယဲ့ဗ်ဂနီ ပရီဂိုရှင် ဟာ ပုန်ကန်မှုစွဲချက်တွေကို ရုရှားက ရုတ်သိမ်းပေးဖို့ အပေးအယူနဲ့ သူ့ရဲ့ကြေးစားတပ်ဖွဲ့ကနေ နုတ်ထွက်လိုက်ပြီး ဘီလာရုစ်ကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။ 

ပရီဂိုရှင် ကို ဇွန် ၂၄ ရက်မှာ  ရော့စ်တော့ဗ်ကနေ ထွက်ခွာလာပြီးကတည်းက လူမြင်ကွင်းမှာ မတွေ့ခဲ့ရပါဘူး။   

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013