DVB Logo
Home
အားကစား
မြန်မာယူ-၁၉ အမျိုးသမီးအသင်း ဗီယက်နမ်ကိုရှုံးပြီး ဗိုလ်လုပွဲနှင့်လွဲချော်
DVB
·
July 14, 2023
မြန်မာယူ-၁၉ အမျိုးသမီးအသင်း ဗီယက်နမ်ကိုရှုံးပြီး ဗိုလ်လုပွဲနှင့်လွဲချော်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်တို့ ဇူလိုင် ၁၃ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ဗီယက်နမ်ယူ-၁၉ အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဗိုလ်လုပွဲတက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

မြန်မာနဲ့ ဗီယက်နမ် အသင်းတို့ဟာ မိနစ် ၉၀ ပွဲချိန်အတွင်း တဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ ဗီယက်နမ်အသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာအသင်းက ဦးဆောင်ဂိုးရခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာ ယဥ်လွန်းအိမ်က သွင်းယူပေးခဲ့တာပါ။ ဗီယက်နမ်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ၄၃ မိနစ်နဲ့ ၁၀၃ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းထက် အခွင့်အရေး ပိုရခဲ့သလို ဂိုးပေါက်ကန်သွင်းမှုလည်း ပိုရခဲ့ပြီး တိုက်စစ်မှူးတွေ အဆုံးသတ်မသေချာမှု၊ ဂိုးရလိုစိတ် လောနေမှုနဲ့ ဂိုးသမားနဲ့ ခံစစ်ကစားသမားတွေ ပေါ့ဆမှုတွေရှိခဲ့လို့ ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာ မြန်မာယူ-၁၉ နည်းပြချုပ် ဒေါ်သက်သက်ဝင်းက “ကျနော်တို့ ဒီပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ ဗီယက်နမ်က တောင့်တင်းတဲ့အသင်းဖြစ်လို့ ကျနော်တို့ ဦးဆောင်ဂိုးရခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရတယ်။ ပိုကောင်းတဲ့အသင်းက နိုင်သွားတာပါ။ တတိလုပွဲမှာ ဆုတံဆိပ်ယူနိုင်ဖို့ ဘယ်အသင်းနဲ့တွေ့တွေ့ အကောင်းဆုံး ပြင်ဆင် ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

ဆီမီးဖိုင်နယ် တခြားပွဲစဥ်မှာ ထိုင်းယူ-၁၉ အမျိုးသမီးအသင်းက အိမ်ရှင် အင်ဒိုနီးရှားယူ-၁၉ အမျိုးသမီးအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။

မြန်မာယူ-၁၉အမျိုးသမီးအသင်းဟာ ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ တတိယလုပွဲအဖြစ် အင်ဒိုနီးရှားယူ-၁၉ အမျိုးသမီးအသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013