DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ် မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ
DVB
·
July 13, 2023
အမရပူရမြို့နယ် မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ မောင်ဒိန်းရွှေဆိုင် ဒီနေ့မွန်းတဲ့ ၁၂ နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး ရွှေထည်လက်ဝတ်လက်စား သိန်းထောင်ချီဖိုး ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ မောင်ဒိန်းရွှေဆိုင်ကို ဆိုင်ကယ်စီးလာတဲ့ အမည်မသိအမျိုးသား ၄ ဦး ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ပြီး မှန်ကောင်တာခုံတွေကို ရိုက်ခွဲကာ ရွှေတွေယူသွားတာလို့ စာတိုးရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စက်ကွေ့ရပ်ကွက်နားက ရွှေဆိုင်ကို မနက်က ဓားပြတိုက်သွားတာ၊ သေနတ်သံတွေကြားရတယ်။ ရွှေတွေအကုန် ယူသွားတယ်လို့ ကြားတယ်။" 

မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်မှာ ဆိုင်ရှိ ဟန်းချိန်း၊ နားကပ်၊ ဆွဲကြိုး၊ ရွှေကလစ်စု စုပေါင်း ၅၃ ကျပ်သားပါသွားပြီး ကာလတန်ဖိုးငွေ သိန်း ၁၄၆၄ သိန်းရှိတယ်လို့ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဖြစ်စဥ်ပြီးမှ ရဲနဲ့စစ်တပ်က သိတာ။ ဓားပြတိုက်သွားတဲ့သူတွေက မြို့ပြင်ဘက်ပြေးသွားတယ်ပြောလို့ ပိတ်ဆို့ ရှာဖွေနေတယ် မမိသေးဘူး။" 

လက်တလောမှာ အမရပူရမြို့အဝင် ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကလည်း အမရပုရမြို့နယ် မြစ်ငယ်မြို့ ဆောက်တောဝ(မြောက်)ကျေးရွာက နေအိမ်တအိမ်လည်း  ငွေကျပ်သိန်း ၆၈၀ ကျော် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013