DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ရ ကုမ္ပဏီ ၁၀ ခု လိုင်စင် ပိတ်သိမ်းခံရ
DVB
·
July 13, 2023
နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ရ ကုမ္ပဏီ ၁၀ ခု လိုင်စင် ပိတ်သိမ်းခံရ
Donate to DVB

ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိတာကြောင့်ဆိုပြီး ဗဟိုဘဏ် ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို လုပ်ငန်းလိုင်စင် ပြန်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွေမှာ ဒီကနေ့ ဇူလိုင် ၁၃ ရက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းလိုင်စင်ထုပ်သိမ်းလိုက်ရတဲ့ ကုမ္ပဏီတွေကို နာမည်တွေနဲ့ တကွ ဖော်ပြလာတာဖြစ်ပြီး လိုင်စင် ပိတ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေကတော့ Kannan Trading ၊ Net Change ၊Thiri Aung Si Trading, Riverwood Group, Global Myanmar Services, D-Gold Trading Aurum Image,  Hi Welcome Travel & Tours,  Sweeties Pearls နဲ့ Chase Travels & Tours ကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်တဲ့ အဓိက အကြောင်းအရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

“ဒီနေ့ ကုမ္ပဏီ ၁၀ ခု ထပ်အပိတ်ခံရတယ် ကြားတယ်။ ဘာကြောင့် ပိတ်တယ် အတိအကျတော့ ထုတ်ပြန်ချက်မှာ မပါဘူး။ အဖမ်းအဆီးတွေရှိတော့ ဟိုအရင်ရက်ပိုင်းက တချို့ကောင်တာတွေဆို ပိတ်ထားကြတာ။ အခုမှ နည်းနည်း ပြန်လုပ်ကြတာ။ အကုန်တော့ ပြန်မဖွင့်သေးဘူး။ ဈေးကတော့ အရင်ရက်တွေနဲ့စာရင် ပြန်ကျနေတယ်” လို့ ဒေါ်လာနဲ့ လုပ်ငန်းလည်ပတ်နေသူတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းထားပြီးနောက် တိုင်းပြည်စီးပွားရေး မတည်ငြိမ်မှုနဲ့အတူ နိုင်ငံခြားငွေတန်ဖိုး အဆမတန် မြင့်တတ်လာတာနဲ့ ဈေးနှုန်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ မူဝါဒ အပြောင်းအလဲများစွာကို ချမှတ်ခဲ့ပြီး နိုင်ငံခြားငွေ ဝယ်ယူ ရောင်းချမှုတွေ အပေါ်မှာလည်း အဘက်ဘက်က တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပါတယ်။

ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ်နှုန်းသေ သတ်မှတ်ထားတဲ့အပြင် နိုင်ငံခြားငွေ အရောင်းအဝယ်အားလုံး ဗဟိုဘဏ်ကို တင်ပြရမယ်လို့ ညွှန်ကြားချက် ထုတ်ထားပြီး ဗဟိုဘဏ် ပြင်ပဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းကိုလည်း ၁ ဒေါ်လာ ၂၉၂၀ ကျပ် ဝန်းကျင်နဲ့သာ အရောင်းအဝယ်ပြုလုပ်ရမယ့်လို့ ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်ကလည်း ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွဲလုပ်ငန်းဆောင်ရွက်ခဲ့တယ်လို့ အထောက်အထားတွေ့ရှိရတဲ့ လူပုဂ္ဂိုလ် ၅၁ ဦးနဲ့ ကုမ္ပဏီ ၁ ခုကို အရေးယူဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က စီးပွားရေး အရေးယူ ပိတ်ဆို့လိုက်တဲ့ အကျိုးဆက်ကြောင့် ပြည်တွင်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ ဇွန်လ နှောင်းပိုင်းက ၁ ဒေါ်လာကို ကျပ် ၃၃၀၀ ကျပ် နှုန်းထိ ရောက်ရှိခဲ့ပေမယ့် လတ်တလောမှာတော့ ၁ ဒေါ်လာကို ကျပ် ၃၀၄၀-၃၁၀၀ ကျပ် ဝန်းကျင်မှာပဲ ရှိနေတယ်လို့ နိုင်ငံခြားငွေဈေးကွက်အတွင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013