

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်နိုင်ငံဆီ အလည်အပတ်သွားဖို့အစီအစဉ်ရှိနေပြီး ခုအချိန်ဟာ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ အချိန်ကောင်းပဲလို့ ရုရှားသမ္မတနန်းတော်က ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
ပူတင်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ခရီးစဉ် အပြီးသတ်ပြီးချိန်မှာ ထုတ်ပြန်ကြေညာမယ်လို့လည်း နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပဲ့စ်ကို့ဗ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံဆီ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ရုရှားဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအရ ဆက်ဆံရေးကို ပိုခိုင်မာအောင် ဆောင်ရွက်ခဲ့ပါတယ်။
မနှစ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းအတွက် အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ပွဲကို ရုရှားက မစတင်မီ သီတင်းပတ်တွေအတွင်း ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ အကန့်အသတ်မရှိ မိတ်ဘက်ပြုဖို့ ကတိပြုခဲ့ကြပါတယ်။
Source - Reuters










