DVB Logo
Home
မြန်မာသတင်း
စစ်တပ် တပ်စွဲထားသည့် ပေါက်မြို့နယ် တပ်ကုန်းရွာသစ်ကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်
DVB
·
July 12, 2023
စစ်တပ် တပ်စွဲထားသည့် ပေါက်မြို့နယ် တပ်ကုန်းရွာသစ်ကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာသစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဇူလိုင် ၁၁ ရက် မနက် ၅ နာရီလောက်က စတင်ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဘက်က စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ Earthquake  People's Defense Force က သိရပါတယ်။

စစ်ကောင်စီတပ် တပ်စွဲထားပြီး ပျူစောထီးတွေနေထိုင်တဲ့ တပ်ကုန်းရွာသစ်ကို PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁ နာရီ ၄၅ မိနစ်ကြာ တိုက်ခိုက်ခဲ့တယ်လို့ Earthquake PDF  ခေါင်းဆောင်က ပြောပါတယ်။

“သူတို့ဘက်က ထွက်ပြေးတာတွေရှိတယ်၊ ကျနော်တို့ကို ပြန်ပစ်ပေမဲ့ ကြီးကြီးမားမား ထိခိုက်တာ မရှိပါဘူး။ သူတို့ လေကြောင်းပစ်ကူလာတာက တိုက်ပွဲပြီးမှလာတာ။”

တပ်ကုန်းရွာသစ် တိုက်ပွဲမှာ စစ်သား ၅ ယောက်နဲ့ ​ပျူစောထီးအဖွဲ့က ၇ ယောက် သေဆုံးခဲ့သလို ၁၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တပ်ကုန်းရွာတိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်ဘက်က အလောင်းတွေကို နေရာတင် ထားခဲ့တယ်လို့ Earthquake PDF  ခေါင်းဆောင်က ပြောပါတယ်။

တပ်ကုန်းရွာသစ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က Mi 35 ရဟတ်ယာဥ်နဲ့ မနက် ၈ နာရီမှာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပေါက်​မြို့ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ အချက်ရေများစွာ ပစ်ခတ်ခဲ့တာကြောင့် တပ်ကုန်းရွာထဲက တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ပေါက်မြို့နယ် YRF တပ်ဖွဲ့၊ ပခုက္ကူခရိုင် PDF ရင်း ၁၁/၁၈၊ PKU Earthquake အဖွဲ့၊ ပေါက်ပကဖ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့တွေ၊ မြိုင်ပကဖ ရင်း ၃၊ ခွဲ ၂၊ ၄ မှ တပ်စိတ်တွေ၊ ပခုက္ကူမြို့ပြပြောက်ကျားတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်လုပ်သေနတ်  ၇ လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီလောက်က မြိုင်မြို့နယ် တောင်ကန်နီပျူရွာနဲ့ ညနေ ၅ နာရီလောက်မှာ မြိုင်မြို့မရဲစခန်းတို့ကို မောင်းသူမဲ့လေယာဥ် အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုအခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013