DVB Logo
Home
နိုင်ငံတကာ
အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် ဆော်ဒီ လက်မှတ်ရေးထိုး
DVB
·
July 12, 2023
အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် ဆော်ဒီ လက်မှတ်ရေးထိုး
1 / 2
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံဟာ ဇူလိုင် ၁၂ ရက်နေ့မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ ၅၁ နိုင်ငံမြောက် ဖြစ်လာခဲ့ပါတယ်။ 

အဲဒီသဘောတူစာချုပ်ဟာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာဥပဒေ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပါအဝင် တန်ဖိုးထားမှုတွေကို လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းလည်း ဖြစ်ပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲမှာ ကျင်းပခဲ့ပါတယ်။

လက်မှတ်ရေးထိုးပြီးနောက်မှာ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက အစုအဖွဲ့ကိုယ်စား ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖှိုင်ဇလ် ဘင် ဖှာဟန် ကိုယ်စားပြုတဲ့ ဆော်ဒီအာရေဗျနိုင်ငံကို ကြိုဆိုခဲ့ပါတယ်။

သောကြာနေ့မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ ဒေသတွင်းဖိုရမ် မတိုင်ခင်မှာ လက်မှတ်ရေးထိုးပွဲနဲ့ တခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့်အစည်းအဝေးပွဲတွေကို အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းသံတမန်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013