မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ ဒိုင်လူကြီးကို ဆဲဆိုခဲ့တာကြောင့် အပိုဆောင်း ပွဲပယ်ပြစ်ဒဏ် ထပ်မံချမှတ်ခံရလို့ လာမဲ့ ချဲလ်ဆီးနဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဘုန်းမောက်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ မက်ဂွိုင်းယားဟာ ကွင်းဘေးဒိုင်ကို မဖွယ်မရာ ပြောဆိုခဲ့တယ်ဆိုတဲ့ စွဲချက်ကြောင့် အခုလို ပွဲပယ်တပွဲတိုးနဲ့ ဒဏ်ငွေ ပေါင် ၃၀,၀၀၀ ချမှတ်ခံခဲ့ရတာပါ။
လက်ရှိမှာ လီဆန်ဒရိုမာတီနက်ဇ်ကလည်း အနီကတ်ကြောင့် ပွဲပယ်ခံထားရသလို ဒီလစ်ကလည်း ဒဏ်ရာရနေတာကြောင့် နည်းပြ မိုက်ကယ်ကာရစ်အတွက် နောက်တန်းမှာ လူရွေးချယ်စရာ အခက်တွေ့နေပါတယ်။
ချဲလ်ဆီးနဲ့ပွဲမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ယိုရိုနဲ့ အေဒင်ဟဲဗန်တို့ကိုသာ တွဲဖက်သုံးရဖို့ များနေပြီး ဒါဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ မန်ယူအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။










