DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပ၊ နျူးကလီးယားလက်နက် ကင်းစင်ရေး တိုက်တွန်း
DVB
·
July 11, 2023
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပ၊ နျူးကလီးယားလက်နက် ကင်းစင်ရေး တိုက်တွန်း
Donate to DVB

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်ဒီကနေ့မနက် ဂျကာတာမြို့တော်မှာ စတင်ဖွင့်လှစ် ကျင်းပနေရာမှာ မြန်မာနိုင်ငံက စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီးကော NUG နိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ခွင့် မရပါဘူး။

ဒီအစည်းအဝေးမှာ မြန်မာကလွဲလို့ တခြားအာဆီယံနိုင်ငံတွေ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်နေကြတာဖြစ်ပြီး အစည်းအဝေးမှာ မြန်မာနိုင်ငံက သွေးထွက်သံယို နိုင်ငံရေး အကျပ်အတည်းနဲ့  တောင်တရုတ်ပင်လယ်အရေးတကိစ္စတွေ လွှမ်းမိုးနေလိမ့်မယ်လို့ နိုင်ငံတကာ သတင်းတွေမှာ သုံးသပ်ရေးပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ပထမနေ့မှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းမှုဟာ အာဆီယံရဲ့ ဦးစားပေး ဖြစ်ပြီး အာဆီယံဒေသကို ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက် ဖြစ်အောင် ပြောင်းလဲဖို့ကလည်း အာဆီယံရဲ့ အခြေခံအုတ်မြစ် ဖြစ်တာကြောင့် အရှေ့တောင်အာရှကို နျူကလီးယား လက်နက်ကင်းစင်တဲ့ ဒေသအဖြစ် ထိန်းသိမ်းထားရမှာဖြစ်တယ်လို့ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက “နျူးကလီးယားလက်နက် အသုံးပြုနိုင်ခြေနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေ ဆက်လက် ကြားသိနေရပြီး နျူးကလီးယားစွမ်းအင်ဟာ ဒေသတွင်း အပါအဝင် နိုင်ငံတချို့ရဲ့ စစ်ရေးအယူဝါဒ တစိတ်တပိုင်းအဖြစ် ရှိနေတာကိုလည်း တွေ့မြင်ရတယ်”လို့ ပြောပါတယ်။

အာဆီယံဒေသတွင်းမှာ နျူးကလီးယားလက်နက်တွေနဲ့ အမှန်တကယ် မလုံခြုံနိုင်ဘူးဆိုတာ ကောင်းကောင်းသိရှိထားပြီး နျူးကလီးယားလက်နက်တွေထက် ပိုအားကောင်းပြီး အဖျက်စွမ်းအားရှိတဲ့ ဘာလက်နက်မှ မရှိဘူးလို့လည်း ဆိုပါတယ်။

“နျူးကလီးယားလက်နက်တွေနဲ့ ဆိုရင်တော့ ကမ္ဘာပျက်ခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးဘေးမှ ဝေးကွာစေဖို့ဟာ ကျမတို့အားလုံး တွက်ချက်မှု မှားနေတာပဲ” လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောသွားပါတယ်။

ဒီနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ပြီး အရှေ့တောင်အာရှဒေသ နျူကလီးယား လက်နက်ကင်းစင်ရေး သဘောတူစာချုပ်ကိစ္စ ဆွေးနွေးခဲ့ပါတယ်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဆီယံလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်တွေရဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေက လွှမ်းမိုးနေပါတယ်။ 

လူ့အခွင့်အရေးကိစ္စကို အာဆီယံအနေနဲ့ လျစ်လျူရှုမထားဖို့နဲ့  အာဆီယံအဖွဲ့ဝင်တနိုင်ငံနဲ့ တနိုင်ငံအကြား မတူကွဲပြားမှုတွေဟာ ဒေသတွင်းမှာ လူ့အခွင့်အရေးကိစ္စတွေ ပြစ်ပယ်ထားဖို့ အကြောင်းပြချက် မဖြစ်သင့်ဘူးလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ပါတယ်။ 

ဒီအစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကကနေ ၁၄  ရက်အထိကျင်းပနေတာဖြစ်ပါတယ်။ အာဆီယံဒေသတွင်းဖိုရမ်နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတို့ကို အခုသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှင်ဂန်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရို့ဗ်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

Photo- MOFA-Indonesia

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013