DVB Logo
Home
နိုင်ငံတကာ
တရုတ်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားပြော
DVB
·
July 11, 2023
တရုတ်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ရုရှားပြော
Donate to DVB

ရုရှားအစိုးရဟာ တရုတ်ပြည်မကြီးအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ချစ်ကြည်ရေးပခုံးကို အားကိုးနိုင်မယ်လို့ ရုရှားလွှတ်တော်ဥက္ကဋ္ဌက ဇူလိုင် ၁၀ ရက်မှာ ပြောခဲ့ပါတယ်။

ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌ ဗလင်တီနာ မတ်ဗီယန်ကိုက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်မြို့တော် ပေကျင်းမှာ တွေ့ဆုံပြီးတဲ့နောက် ခုလိုပြောလိုက်တာပါ။

“အစည်းအဝေးတွေနဲ့ ဆွေးနွေးပွဲတွေကနေ နုတ်ထွက်ခဲ့ရတဲ့ အဓိကအချက်ကတော့ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နေပြီး ကျမတို့ရဲ့ နိုင်ငံနဲ့ ပြည်သူတွေကြား တည်ရှိနေတဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်လို့ပါပဲ။” 

ဆက်လက်ပြီး ရုရှားလွှတ်တော်ဥက္ကဋ္ဌက “တရုတ်ရော ရုရှားကပါ အင်အားသုံး၊ ခြိမ်းခြောက်တဲ့ ဘာသာစကားကို အသုံးပြုပြီး ဘယ်သူ့ကိုမှ စကားပြောခွင့် မပြုပါဘူး။ တန်းတူညီတူ ပူးပေါင်းဆောင်ရွက်ဖို့ အတူတကွ ရပ်တည်ပါတယ်။ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုကို တားဆီးဖို့၊ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းကို ရွေးချယ်ဖို့၊ နိုင်ငံတိုင်းရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်အတွက် အတူတကွ ရပ်တည်ပါတယ်။ တရုတ်နိုင်ငံမှာ ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ ချစ်ကြည်ရေးပခုံးကို ကျမတို့ ယုံကြည်နိုင်ပါတယ်” လို့လည်း ပြောပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013