DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ထွန်တုံးတိုက်ပွဲ လူ ၃၀၀ ကျော်ကို တရားစွဲ၊ ဦးဆောင်သူများကို ထောင်ချ
DVB
·
July 15, 2014
ကန့်ဘလူ ထွန်တုံးတိုက်ပွဲ လူ ၃၀၀ ကျော်ကို တရားစွဲ၊ ဦးဆောင်သူများကို ထောင်ချ
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တပ်သိမ်းမြေတွေပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့တဲ့ လူ ၃၀၀ ကျော်ကို တရားစွဲဆိုထားပြီး ဦးဆောင်သူတွေကိုတော့ မနေ့က ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။

[caption id="attachment_60340" align="alignright" width="300"]ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်[/caption]တပ်သိမ်းမြေတွေပြန်ရဖို့အတွက် ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ပြီး နောက် တပ်မတော်ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း-၂ ရဲ့ တပ်ရေးဗိုလ်ကြီးက ဦးဆောင်သူ ၃ ယောက်ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

“လောလောဆယ် တပ်မတော် ကြံစိုက်ပျိုးရေး တပ်ရင်းဗိုလ်ကြီးကနေပြီး တရားလိုလုပ်ပြီး ဒီလူတွေကတော့ သူတို့ တပ်မတော်ကြံစိုက်ပျိုးရေး မြေမှာ ထွန်ယက်စိုက်ပျိုးတယ်ဆိုပြီး တိုင်ထားတာပေါ့။”

ဇီးတောတိုက်နယ် ရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်က ပြောသွားတာပါ။ အဲဒီနောက်မှာတော့ ကျန်ထွန်တုံးတိုက်ပွဲ ပါဝင်ခဲ့သူတွေကိုလည်း သိမ်းဆည်းခံမြေမှာ သီးစားလုပ်ကိုင်နေသူ တွေက တရားရုံးမှာ ဦးတိုက်လျှောက်တရားစွဲဆိုခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ကိုတော့ ဒေသခံတစ်ယောက်ဖြစ်တဲ့ ဦးကျော်ထွန်းနိုင်က အခုလို ပြောပါတယ်။

“အခုကျတော့ သီးစားတွေက ရှေ့ကိုထားပြီးတော့ တပ်က နောက်ကနေ ကြိုးကိုင်ပြီးတော့မှ တရားစွဲခိုင်းတာပေါ့။ တပ်ကစွဲတာက ၄၂၇ နဲ့ အကုန်စွဲတာ။ ကျနော်က ထွန်စက်မောင်းတာ ဆိုတော့ အခရတော့ လိုက်ခုတ်တာပေါ့။ ကျနော်ဆိုရင် အမှု ၂၂ မှုနဲ့ အစွဲခံထားရတယ်။”

အခုထောင်ဒဏ်ချခံလိုက်ရသူတွေထဲမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့နဲ့ ဆက်သွယ် ကူညီဆောင်ရွက်သူများအဖွဲ့ရဲ့ စစ်ကိုင်းတိုင်းတာဝန်ခံ ဦးကောင်းထွန်းနဲ့ ကျေးရွာတာဝန်ခံ တွေလည်း ပါပါတယ်။

“ချက်ချင်းပဲချလိုက်တယ်။ ဦးကောင်းထွန်းကို မနေ့က ရုံးချိန်းဗျ။ မနေ့ကချက်ချင်း ရွှေဘိုထောင်ကို ပို့တယ်။ ကျန်တဲ့သူတွေကတော့ ကန့်ဘလူမှာပဲ ရှိသေးတယ်။”

တိုင်းတွဲဘက်တာဝန်ခံ ဦးတင်နိုင်ထွန်း က ပြောသွားတာပါ။ ထွန်တုံးတိုက်ပွဲပြုလုပ်တုန်းက ဘာပင်မှ မရှိပေမယ့် အကျိုးဖျက်ဆီးမှုနဲ့ တရားစွဲဆိုခဲ့တာပါ လို့လည်း ဦးတင်နိုင်ထွန်း က ပြောပါတယ်။

ဒီအတွက် ဆန္ဒဖော်ထုတ်ဖို့ကိုလည်း အမြန်ဆုံးစီစဉ်ဆောင်ရွက်မယ်လို့ ဦးတင်နိုင်ထွန်း က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013