DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ဖြန့်ဝေ
DVB
·
July 15, 2014
ဟားခါးတွင် မဟာဓာတ်အားလိုင်းက လျှပ်စစ်မီး ဖြန့်ဝေ
Donate to DVB

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်တဲ့ ချင်းပြည်နယ်မှာ ပထမဆုံးအဖြစ် မဟာဓာတ်အားလိုင်းကနေ ၂၄ နာရီ လျပ်စစ်မီးပေးမှုကို စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ဖျားက ဖွံ့ဖြိုးမှုတိုးတက်မှုအနိမ့်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်ထဲက ဟားခါးမြို့မှာ အရင်က ၃ ရက် ၄ ရက်မှတကြိမ် လျှပ်စစ်မီး ဖြန့်ဝေနိုင်ခဲ့ရာကနေ အခုဇူလိုင်လ အစောပိုင်းကနေစတင်ပြီး နေစဉ် ဖြန့်ဝေပေးနေတယ်လို့ ဟားခါးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဌာနက တာဝန်ကျ တဦးက ပြောပါတယ်။

DSC06491 copy၂၄ နာရီလျှပ်စစ် ဓာတ်အား ဖြန့်ဝေပေးနေ တာဖြစ်ပြီး တချို့ရပ်ကွက်တွေမှာ လိုင်းမကောင်းတာတွေ မပေးနိုင်တာတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

“၂ ပတ်လောက်ရှိပြီ။ ၂၄ နာရီပေးပါတယ်။ လိုင်းမကောင်းတဲ့ နေရာတွေလည်း ရှိသေးတယ်။ လာလိုက် ပြတ်လိုက် အဲဒီလိုမျိုးပေါ့။”
နောင်လာမယ့် လပိုင်းတွေအတွင်း မဟာဓာတ်အားလိုင်းကနေ တဆင့် ဖလမ်းမြို့ကို ပေးဖို့ ချဲ့ထွင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
အရင်က ဟားခါးနဲ့ဖလမ်းမြို့နယ်တွေက လျှပ်စစ်မီးအတွက် ဖလမ်းနဲ့ ဟားခါးကြားမှာရှိတဲ့ အစိုးရက လုပ်ဆောင်ပေးထားတဲ့ လိုင်ဗား ရေအားလျှပ်စစ်ကို မှီခိုနေရသလို လျှပ်စစ်မီးကို အလုံအလောက် မပေးနိုင်ခဲ့ပါဘူး။

ဒါကြောင့် အလုပ်လုပ်ရာမှာ အခက်အခဲတွေ ရှိပြီး အဆင်မပြေတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အခုလို လျှပ်စစ်မီးရတဲ့ အတွက် အလုပ်လုပ်ရတာ အဆင်ပြေလာတယ်လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက “ကျနော်တို့ မီးသတ်ဦးစီဌာနအနေနဲ့ ရုံးလုပ်ငန်း အဆင်ပြေတယ်။ လုပ်လို့ကိုင်လို့ ရတယ်။” ပြောပြသွားတာပါ။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက အတွင်းရေးမှူး ဆလိုင်း ကျူးဘစ်ထောင်းကတော့ ချင်းပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေတာကို ကြိုဆိုလိုက်ပြီး ဓာတ်အားလိုင်းကို တခြားမြို့နယ်တွေမှာလည်း သွယ်တန်းဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ဒီမှာ ဓာတ်အားလိုင်းကိုလည်း ဟားခါးတင်မကဘူးပေါ့။ တခြားမြို့နယ်တွေမှာလည်း သွယ်တန်းသင့်တာပေါ့။ အနည်းဆုံး ခရိုင်မြို့နယ်ပေါ့ဗျာ။ ဖလမ်းနဲ့ မင်းတပ်ကိုလည်း သွယ်တန်းသင့်တယ်။ ချင်းပြည်နယ်မှာ ခရိုင် ၃ ခုရှိတာကိုး။ ခရိုင် ၃ ခုကို အရင်ဦးစားပေးပြီးတော့ အဲဒီကနေတဆင့် ချင်းပြည်နယ် မြို့ ၉ မြို့ကို မဟာဓာတ်အားလိုင်း မီးရအောင် ကျနော်တို့ တောင်းဆိုသွားမှာပါ။”

ချင်းပြည်နယ်မှာလျှပ်စစ်ဓာတ်အား ရရှိဖို့အတွက် အများစုက ကိုယ်ထူကိုယ်ထ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ချင်းပြည်နယ်မှာ မဟာဓာတ်အားလိုင်းသွယ်တန်းပေးဖို့ ချင်းပြည်နယ် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြခဲ့သလို ၂၀၁၁ မှာ မဟာဓာတ်အားလိုင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013