DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် လိုလားသူ ကိုလံဘီယာသမ္မတသစ်အား အမေရိကန်က ဒေါ်လာ ၁ ဘီလီယံ ပံ့ပိုးမည်
DVB
·
August 10, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကိုလံဘီယာနိုင်ငံမှာ ထရမ့်ပ်ကို လိုလားတဲ့ လက်ယာယိမ်း အများကြိုက်ဝါဒီ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်က ဒေါ်လာ ၁ ဘီလီယံ ပံ့ပိုးမယ်လို့ ကြေညာလိုက်ပါတယ်။

အဘယ်လာဒို ဒီလာအက်စပရီရဲလားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အားကျသူဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ထရမ့်ပ်ရဲ့ မူဝါဒအများအပြားနဲ့ အလားတူ ကတိတွေ ပေးခဲ့ပါတယ်။

သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ မူးယစ်ဂိုဏ်းတွေအပေါ် “အလုံးစုံစစ်ပွဲ” ဆင်နွှဲမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဒေါ်လာ ၁ ဘီလီယံတန် လုံခြုံရေးအကူအညီဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ တရားမဝင် လူဝင်မှုကို တိုက်ဖျက်ရေးဆိုတဲ့ နှစ်နိုင်ငံရဲ့ ဘုံရည်မှန်းချက်တွေကို အထောက်အကူပြုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။

ဒီလာ အက်စပရီရဲလားက သမ္မတဟောင်း ဂူစတာဗို ပေထရိုရဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းတဲ့ “အလုံးစုံငြိမ်းချမ်းရေး” မူဝါဒကို စွန့်လွှတ်ပြီး ရာဇဝတ်မှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ ဆိုထားပါတယ်။

စစ်တပ်စခန်းတခုမှာ ပြောခဲ့တဲ့ ပထမဆုံး တရားဝင်မိန့်ခွန်းမှာ လက်နက်ကိုင်သူပုန်တွေကို နှိမ်နင်းပြီး ကိုလံဘီယာကို ပြန်လည်တည်ဆောက်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဒီလာ အက်စပရီရဲလားက “ကျနော်တို့ နိုင်ငံပိုင်နက်မှာ ရာဇဝတ်သားတွေ လုံခြုံတယ်လို့ ခံစားနိုင်မဲ့နေရာ တနေရာမှ မရှိစေရဘူး” လို့ ပြောပါတယ်။

ထရမ့်ပ် တည်ထောင်ထားတဲ့ “Shield of the Americas” လုံခြုံရေးမိတ်ဖက်အဖွဲ့ထဲ ကိုလံဘီယာ ပါဝင်မယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီလာ အက်စပရီရဲလား အာဏာရလာတာဟာ စီးပွားရေးအခက်အခဲနဲ့ ဂိုဏ်းအကြမ်းဖက်မှု စိုးရိမ်ချက်တွေကြား လက်တင်အမေရိကနိုင်ငံတွေ လက်ယာဘက်ကို ရွေ့လာနေတဲ့ နောက်ဆုံး နိုင်ငံရေး အပြောင်းအလဲတခုလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013