DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးဥာဏ်ထွန်း ပြည်ခရီးစဉ် နယ်ခံသတင်းထောက်များ အသံတိတ်ဆန္ဒပြ
DVB
·
July 15, 2014
ဒုသမ္မတ ဦးဥာဏ်ထွန်း ပြည်ခရီးစဉ် နယ်ခံသတင်းထောက်များ အသံတိတ်ဆန္ဒပြ
Donate to DVB

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းရဲ့ ပြည်မြို့ခရီးစဉ်အတွင်း နယ်ခံသတင်းထောက်တွေက သတင်းမယူဘဲ ဖမ်းဆီးခံထားတဲ့ သတင်းထောက်တွေ ပြန်လွှတ်ပေးရေး အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။

Reporter strike 1သတင်းထောက်တွေ ဖမ်းဆီးထောင်ချခံခြင်းဟာ မီဒီယာကို ဖိနှိပ်တာ ဖြစ်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင် ၁၅ ရက်က ပြည်မြို့ကို ဒုတိယသမ္မတရောက်ရှိလာတဲ့အချိန် နယ်ခံသတင်းထောက်တွေက အသံတိတ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သတင်းထောက် ကောင်းမြတ်မင်းက “နှစ်ရှည်ထောင်ကျခံရတဲ့ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက်ပါ။ သတင်းထောက်တွေကို အခုလိုပြစ်ဒဏ်တွေချမှတ်တာ မီဒီယာသမားတွေကို ဖိနှိပ်တာဖြစ်သလို၊ စစ်တပ်နဲ့ ပက်သက်လာရင် ဒါမျိုးလုပ်လို့မရဘူးဆိုပြီး နောင်ကျဉ်သွားအောင် နှစ်ရှည်ချတာပဲ” လို့ ပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ပခုက္ကူခရိုင်တရားရုံးက ဇူလိုင် ၁၀ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်မြို့သတင်းထောက်တွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

မဇ္ဈိမသတင်းထောက် ကိုရေခဲက “အဲဒီပြဿ    နာဖြစ်တဲ့ နျူးကလီးယားစက်ရုံနဲ့ပတ်သက်ပြီး ပြည်သူတွေကို ထင်သာမြင်သာအောင်ပြပါ။ နောက်ထပ်လည်း မွန်းတည့်နေ ဂျာနယ်နဲ့ပတ်သက်ပြီးတော့ အဲဒီသတင်းထောက်တွေကို လွှတ်မပေးရင် နောက်တကြိမ် ဆန္ဒထပ်ပြဦးမယ်” လို့ ပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့ကတုန်းကလည်း ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး အတွက် ပြည်မြို့က သတင်းထောက်တွေ ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့အတွက် ဦးဆောင်သူ မဇ္စျိမသတင်းထောက် ဦးအောင်ဦးနိုင် ခေါ် ရေခဲဟာ ပုဒ်မ ၁၈ နဲ့ တရားဆွဲဆို ခံထားရပြီး အခုလာမယ့် ဇူလိုင် ၁၇ ရက်နေ့မှာ ပြည်မြို့နယ် တရားရုံးက အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

ယူနတီ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာကို မြန်မာစာနယ်ဇင်းကောင်စီကလည်း ကန့်ကွက်ဝေဖန်ထားပါတယ်။

သတင်းမီဒီယာတွေက တာဝန်ရှိသူတွေကို အထူးသတင်းရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံတာ၊ ယူနတီ သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်တာ၊ မွန်းတည့်နေဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေကို ပုဒ်မ  ၅ နဲ့ တရားစွဲထားပါတယ်။

လက်တလော သတင်းထောင်တွေကို ထောင်ချတာ သတင်းဌာနတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်ချက်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲ သတင်းရယူဖို့အတွက် သွယ်ဝိုက် ခြိမ်းခြောက်ခံနေရတယ်လို့ မြန်မာစာနယ်ဇင်းကောင်စီယာယီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013