

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကျူရှူးကျွန်းပေါ်မှာ ဇူလိုင် ၁၀ ရက်က မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မြေပြိုတာတွေကြောင့် လူထောင်ပေါင်းများစွာကို သူတို့အိမ်တွေကနေ စွန့်ခွာကြဖို့ အာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။
ဖှူခုအိုခါ့စီရင်စုက ရွာတရွာဖြစ်တဲ့ ခိုအိရှိဝါ့ရာ့ရွာက မျက်မြင်သက်သေ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ရေလျှံနေတဲ့မြစ်နဲ့ ရွှံ့ဖုံးလမ်းကို ပြသထားပါတယ်။
မိုးသည်းထန်နေလို့ မြစ်ရှစ်ခုထက်မနည်း ရေလွှမ်းမိုးခဲ့ပြီး ဒေသအတွင်း ရွှံ့မြေပြိုကျမှု ဒါဇင်များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ မြေယာဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ကျူရှူးကျွန်း မြောက်ပိုင်း ဖူကူအိုကာ စီရင်စုရဲ့ တချို့နေရာတွေမှာ ဇူလိုင် ၇ ရက်ကစပြီး မိုးရေချိန် ၅၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ပါတယ်။
ဇူလိုင်လရဲ့ ပုံမှန်မိုးရေချိန်ထက် ၂၀၀ မီလီမီတာအထိ ပိုရွာသွန်းခဲ့တယ်လို့ မိုးလေဝသ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source - Reuters