DVB Logo
Home
အားကစား
အမေရိကန် အမျိုးသမီးဘောလုံးအသင်း တိုက်စစ်မှူး ရာပီနိုး အနားယူမည်
DVB
·
July 10, 2023
အမေရိကန် အမျိုးသမီးဘောလုံးအသင်း တိုက်စစ်မှူး ရာပီနိုး အနားယူမည်
Donate to DVB

အမေရိကန် အမျိုးသမီးဘောလုံးအသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး မက်ဂန်ရာပီနိုးဟာ ဒီရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ဇူလိုင် ၈ ရက်မှာ အတည်ပြုပါတယ်။ 

ဇူလိုင် ၂၀ ရက်အတွင်း သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ပူးတွဲကျင်းပသွားမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရာပီနိုး အတွက် စတုတ္တမြောက်နဲ့ နောက်ဆုံးယှဉ်ပြိုင်မှု ဖြစ်လာတော့မှာပါ။ 

အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးဘောလုံးလိဂ်တစ်ခု ဖြစ်တဲ့ NWSL ရာသီပြီးဆုံးသွားချိန်မှာ အသက် ၃၈ နှစ်အရွယ် ဒီကစားသမားက အနားယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ရာပီနိုးက“ဒီမှာ ရှိနေခွင့်ရတဲ့အတွက် အသင်းအပေါ်မှာ ယုံကြည်မှုရှိသလို ခန္ဓာကိုယ်ကလည်း ဒီလောက် ကြာရှည်အောင် ထိန်းထားနိုင်တဲ့ အပေါ်မှာ အလွန်ကို ကျေးဇူးတင်မိပါတယ်” ဆိုပြီး မှတ်ချက်ပေးပါတယ်။ 

အမေရိကန် ဘောလုံးလောကမှာ ရာပီနိုးက အထင်ရှားဆုံးပြယုဂ်တစ်ခုလို့ ဆိုနိုင်ပြီး လက်ရွေးစင် အသင်းမှာလည်း အသက်အကြီးဆုံး ဝါရင့်ကစားသမား တစ်ဦးဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၁၉ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ရာပီနိုးက အဲ့ဒီနှစ်ရဲ့ ရွှေဖိနပ်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီတစ်နှစ်တာအတွင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကို စတင်တောင်းဆိုခဲ့တဲ့ လစာငွေ တန်းတူရရှိရေး တိုက်ပွဲတွေမှာ ရာပီနိုး ကိုယ်တိုင် အကူအညီပေးခဲ့ပါ သေးတယ်။

လာမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၃ကြိမ်ဆက်တိုက် ချန်ပီယံအဖြစ် မကြုံစဖူး ရပ်တည်နိုင်ဖို့ အတွက် အမေရိကန်အသင်းအနေနဲ့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013