နယူးဒေလီ၌ ရေကြီးပြီး ယာဉ်များပိတ်ဆို့
DVB
·
July 9, 2023


အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ ဇူလိုင် ၈ ရက်က မိုးအကြီးအကျယ်ရွာခဲ့လို့ ဆိုးဆိုးရွားရွား ရေကြီးခဲ့ပါတယ်။
ဒါကြောင့် မြို့တော်အတွင်း ယာဉ်အသွားအလာတွေရပ်သွားခဲ့ရပြီး ဒေသခံတွေဟာ ယာဉ်ကြော ပိတ်ဆို့ကြပ်ညပ်နေတဲ့ကြားက သူတို့ရဲ့ ခရီးလမ်းဆုံးဆီရောက်ဖို့ ရုန်းကန် ရင်ဆိုင်ခဲ့ရပါတယ်။
နယူးဒေလီမြို့တော်ရဲ့ အစိတ်အပိုင်း အတော်များများကလမ်းတွေ ရေအောက်မြုပ်ခဲ့လို့ လူတွေ ဟာ သူတို့ လုပ်ငန်းခွင်တွေဆီကိုမရောက်ခင် ရေကြီးနေတဲ့ ဒေသတွေကို ဖြတ်ပြီးသွားခဲ့ရပါတယ်။
Source-Reuters











