DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဇွန်လ ၁ လတည်း နေအိမ် ၂၁ လုံး ချိပ်ပိတ်ခံရ 
DVB
·
July 7, 2023
ဧရာဝတီတိုင်းတွင် ဇွန်လ ၁ လတည်း နေအိမ် ၂၁ လုံး ချိပ်ပိတ်ခံရ 
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ တလတည်း  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားဆွဲဆိုပြီး နေအိမ် ၂၁ လုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်တာ၊ PDF နဲ့ ပတ်သက် ဆက်နွှယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ CDM ဝန်ထမ်းတွေရဲ့ နေအိမ် အဆောက်အဦး ၂၁ လုံးကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

"ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ တိုင်းအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်အဆောက်အဦ ၂၁ လုံး ထိ ရှိခဲ့တယ်။ CDM ဝန်ထမ်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ နေအိမ် အဆောက်အဦတွေ ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) /၅၂(က) နဲ့ တရားစွဲပြီး ချိပ်ပိတ်ခဲ့တာ" လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည) /၅၂(က) နဲ့ တရားစွဲပြီး နေအိမ်တွေကို လိုက်လံချိပ်ပိတ်ကာ နေအိမ်မှာရှိနေတဲ့သူတွေကို နှင်ထုတ် ဖယ်ရှားရှင်းလင်းခဲ့တာပါ။

ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ပန်းတနော်နဲ့ ဘိုကလေးမြို့နယ်တွေက နေအိမ် အဆောက်အဦတွေကို ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခု မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ချိပ်ပိတ်သိမ်းဆည်းခံရမှုပေါင်း ၇၅၁ ခုအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013