DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများအား လှူဒါန်း
DVB
·
July 7, 2023
ပုလဲမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူများအား လှူဒါန်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနဲ့ ချင်ပြစ်ကျေးရွာတို့မှာ ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်က စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်နစ်နာခဲ့ကြသူတွေ အတွက် ငွေကျပ် ၃,၆၅၀,၀၀၀ ကို ကူညီထောက်ပံ့ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Western Chindwin Association မှ ကိုစိုပြေမင်းထင်က “သေဆုံးပြည်သူတွေ ဖြစ်ကြတဲ့ ညောင်ကုန်းရွာက ၁၀ ဦး၊ ချင်ပြစ်ကျေးရွာက ၁ ဦး၊ စုစုပေါင်း ၁၁ ဦးကို တဦး တသိန်းကျပ်နှုန်းနဲ့ စုစုပေါင်း ကျပ် ၁၁ သိန်းကိုလည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၂၈ ဦးကို တဦး ၅၀,၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ၁,၄၀၀,၀၀၀ ကျပ်ကိုလည်းကောင်း၊ ညောင်ကုန်းရွာက ဗုံးဆန်ထိမှန်ပျက်စီးခဲ့ကြတဲ့ လူနေအိမ် ၁၃ အိမ်အတွက် တအိမ်ကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ၆၅၀,၀၀၀ ကျပ်နဲ့ ညောင်ကုန်းကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ၅၀၀,၀၀၀ ကျပ်တို့ကို လှူဒါန်းကူညီထောက်ပံ့ခဲ့ကြတာပါဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလှူဒါန်းတဲ့ ငွေကြေးတွေကိုတော့ NUG လူသားစာနာဝန်ကြီးဌာန MoHADM ရယ်၊ Western Chindwin Association ရယ်၊ CDM Medical Network တို့က ပူးပေါင်း လှူဒါန်းကြတာပါလို့ ဆိုပါတယ်။

အဆိုပါ ကူညီထောက်ပံ့ငွေတွေကို ပုလဲမြို့နယ်၊ NUG လူသားစာနာအဖွဲ့နဲ့ ပုလဲ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး သွားရောက်ကူညီ ထောက်ပံ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်ကုန်းကျေးရွာက သေဆုံးခဲ့ကြတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရက်လည် ဆွမ်းကပ်၊ တရားနာ၊ အမျှတန်းပေးဝေတာတွေကိုလည်း ဇူလိုင် ၃ ရက်က မိသားစုဝင်တွေနဲ့ ဒေသခံတွေ စုပေါင်းပြုလုပ်ခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013