DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည် ၁ သိန်းကျော်ကို နေရပ်ပြန်ပို့ရန် ထိုင်း-မြန်မာ ပူးတွဲလုပ်မည်
DVB
·
July 14, 2014
ဒုက္ခသည် ၁ သိန်းကျော်ကို နေရပ်ပြန်ပို့ရန် ထိုင်း-မြန်မာ ပူးတွဲလုပ်မည်
Donate to DVB

မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို နေရပ်ပြန်ပို့ဖို့ ထိုင်းနဲ့မြန်မာ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ့်အစီစဉ်ကို တရားဝင်ထုတ်ဖော်ကြေညာပေမယ့် ဒုက္ခသည် တွေကို ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ ဒုက္ခသည်တွေကတော့ အိမ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆိုနေကြပါတယ်။

[caption id="attachment_26876" align="alignright" width="300"]မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ - ရိုက်တာ) မယ်လ ဒုက္ခသည်စခန်း( ဓာတ်ပုံ - ရိုက်တာ)[/caption]

မြန်မာဒုက္ခ သည်တွေ ပြန်ပို့မယ့် ကိစ္စကို ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်းနိုင်ငံကို လာရောက်ခဲ့ တဲ့ မြန်မာကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ပရာရွတ်က ဇူလိုင် ၁၁ ရက်နေ့က ထိုင်းတီဗွီ ရုပ်သံ မိန့်ခွန်းမှာ ပြောသွားတာပါ။

ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး ချောမွေ့အောင် ထိုင်း-မြန်မာနှစ်နိုင်ငံ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမယ်၊ မြန်မာဒုက္ခသည်တွေ လူသားချင်း စာနာမှုဆိုင်ရာ မူတွေနဲ့ အညီ မြန်မာပြည် ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ နှစ်နိုင်ငံစလုံးက အသေ အချာဆောင်ရွက်သွားမယ်လို့ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အမျိုးသားကောင်စီ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် က ပြောကြားခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက လာရောက်ခိုလှုံနေတဲ့ နော်ဘောညာကတော့ လက်ရှိ မြန်ပြည်ရဲ့အနေအထားမှာ ဘာလဲဆိုတာ မသိရသေးပဲ အိမ်မပြန်ရဲဘူးလို့ ပြောပါတယ်။

“ကိုယ့်ရဲ့ဇာတိမြေကိုတော့ ဘယ်သူမဆို ပြန်ချင်ကြတာပဲ။ ဒါပေမယ့် ဒီအချိန်မှာပြန်ရင် လုံခြုံမှုလည်းမရှိဘူး၊ အပစ်အခတ် ရပ်စဲတာလည်း အခုထိ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲတာလား ဆိုတာလည်း မသိရသေးဘူး။ ခေါင်းဆောင်တွေ မြန်မာပြည်မှာ ငြိမ်းချမ်းရေး စကား သွားပြောတာလည်း ဘာအဖြေမှ မရသေးဘူး။”

ကရင်ဒုက္ခသည်ကော်မတီ တွဲဖက်အတွင်းရေးမှူး နော်ဘလူမင်း နိုက်ဇန်ကတော့ ထိုင်းအစိုးရက လတ်တလောမှာ ဒုက္ခသည်စာရင်းတွေ ကောက်ခံပေမယ့် ဘာအတွက် ကောက်တယ်ဆိုတာ မထုတ်ပြန်သေးဘူးလို့ ပြောပါတယ်။

တကယ်လို့ ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုရင်လည်း နိုင်ငံတကာ စံချန်စံညွှန်းနဲ့အညီ လုပ်ဆောင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဇူလိုင် ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကို ၁ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ ရှိတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ်။

ထိုင်းစစ်တပ်၊ မယ့်ဖားလွန် ဖောင်ဒေးရှင်းနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းပြီး ဒုက္ခသည်စခန်း ၉ ခုမှာ စာရင်း ကောက်ခံနေကြောင်းနဲ့ ဒီစာရင်းမှာ အုပ်စုသုံးစု ခွဲထားပြီး ထိုင်းနိုင်ငံတွင်း နေထိုင်လိုသူ၊ တတိယနိုင်ငံ ထွက်ခွာလိုသူနဲ့ နေရပ်ပြန်လိုသူတွေ ဆိုပြီး ပါရှိပါတယ်။

နေရပ်ပြန်လိုသူအများစုဟာ အသက်ကြီးပိုင်းတွေဖြစ်ပြီး တတိယနိုင်ငံ ထွက်ခွာလိုသူတွေကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် စိုရိမ်ကြသူတွေဖြစ်တယ်လို့ ဆိုထားပြီး ထိုင်းနိုင်ငံမှာ နေချင်သူတွေကတော့ ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းလာသူတွေဖြစ်ကြပြီး မြန်မာနိုင်ငံကို မသိကြသူတွေဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး Lain Hall ကို ဆက်သွယ်မေးမြန်းရာမှာ ဒုကသည်တွေ ပြန်ပို့ဖို့ အချိန်မကျ သေးပါဘူးလို့ ဖြေဆိုပါတယ်။

“ထိုင်းအာဏာပိုင်တွေအားလုံးလိုလိုက ဒီလိုအမြင်ရှိနေပါတယ်။ ဒါပေမယ့် အစီ အစဉ်မရှိသေးသလို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာလည်း မရှိသေးပါဘူး။ ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘယ်နေ့စမယ်၊ ဘယ်နေ့ပြီးမယ်ဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် မြန်မာအစိုးရက အချိန်ကျရင် သူ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ ဥပဒေဘောင် အတွင်းက မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ဒါပေမယ့် အခုကတော့ အချိန်မကျသေးပါဘူး။”

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကာလ နှစ်ပေါင်းခြောက်ဆယ်အတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ခိုလှုံနေကြသလို သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရပေမယ့် သေနတ်သံ လုံးဝစဲတဲ့အဆင့် မရောက်သေးဘဲ တပြည်လုံးအပစ်ရပ်ရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့်တွေကို ဖြတ်ကျော်ရဖို့ ရှိနေပါသေးတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်း ဖော်ထုတ်ရေး၊ ပြန်လည်နေရာချထားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုံခြုံရေးအခြေအနေတွေကလည်း စိတ်ချယုံကြည်လောက်ဖွယ် အခြေအနေမရှိသေးပါဘူး။

ထိုင်းစစ်တပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး Colonel Werachon Sukondhadpatipak, ကလည်း ခုချိန်မှာ ဒုက္ခသည်တွေကို နေရပ် ပြန်ပို့မယ့် အခြေအနေ ရောက်မယ် မထင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ခုချိန်မှာ ဒုက္ခသည်တွေကို နေရပ် ပြန်ပို့ဖြစ်မယ့် အခြေအနေ ရောက်လိမ့်ဦးမယ်လို့ ကျနော်မထင်ပါဘူး။ မြန်မာပြည်သူတွေ မြန်မာပြည်ပြန်ဖို့ဟာက ရေရှည်လုပ်ငန်းစဉ်ပါ။ ဒါဟာ သက်ဆိုင်ပတ်သက်သူ အားလုံးနဲ့ ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ အချိန်ကာလ သတ်မှတ်ချက်ကိုလည်း ကျနော်မသိပါဘူး။ ဒါပေမယ့် ဘန်ကောက်ပို့စ်သတင်းဟာ အခြေအ နေရဲ့ ယျေဘုယအမြင်ကို ပြောတာလို့ ယူဆပါတယ်။ တနှစ်အတွင်း ပြန်ပို့မယ်ဆိုတဲ့ကိစ္စ ကျ နော်မသိပါဘူး။ ကျနော့်မှာ ဒါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် မရသေးပါဘူး။ ဒါပေမယ့် တနှစ်အတွင်းပြန်ပို့ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013