DVB Logo
Home
နိုင်ငံတကာ
ဝဂ္ဂနာအကြီးအကဲ  ဘီလာရုစ်တွင် မရှိတော့ဟု သမ္မတ လူကာရှန်ကို ပြော
DVB
·
July 7, 2023
ဝဂ္ဂနာအကြီးအကဲ  ဘီလာရုစ်တွင် မရှိတော့ဟု သမ္မတ လူကာရှန်ကို ပြော
Donate to DVB

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုက ရုရှားပုဂ္ဂလိကကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအုပ်စု အကြီးအကဲ ယဲ့ဗ်ဂဲနီ ပရီဂိုရှင်ဟာ ဘီလာရုစ်မှာ မရှိတော့ဘူးလို့ ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့လက ဝဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရီဂိုရှင်ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားတောင်ပိုင်းမြို့ ရော့စ်တော့ဗ်ကို ခေတ္တခန သိမ်းပိုက်ခဲ့ပြီး မော်စကိုကို ချီတက်နေချိန်မှာ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ရုရှား လက်နက်ကိုင်ပုန်ကန်မှုကို အဆုံးသတ်ဖို့ ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။

ဒီအကျပ်အတည်းကို ပြေငြိမ်းစေတဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဝဂ္ဂနာအဖွဲ့ ခေါင်းဆောင် ပရီဂိုရှင်ဟာ ဘီလာရုစ်ကို ရောက်နေပြီလို့ ဇွန် ၂၇ ရက်က ပြောခဲ့တာပါ။ 

ဒါပေမယ့် အခုတော့ ပရီဂိုရှင်ဟာ ရုရှားနိုင်ငံရဲ့ ဒုတိယမြို့ ဖြစ်တဲ့ စိန့်ပီတာစဘတ်မှာ ရှိနေပြီး ဒီမနက်တော့ မော်စကို ကို ရောက်နေမလား ဒါမှမဟုတ် တခြား တနေရာရာမှာ ရှိနေမလား ဆိုတာ မသေချာကြောင်းနဲ့ သေချာတာကတော့ ဘီလာရုစ်ပိုင်နက်ထဲမှာ မရှိတော့ဘူးလို့ လူကာရှန်ကိုက သတင်းထောက်တွေကို ဇူလိုင် ၆ ရက်မှာ ပြောဆိုပါတယ်။

ဘီလာရုစ်သမ္မတရဲ့ ပြောကြားချက် ထွက်လာပြီးနောက် ဇူလိုင် ၆ ရက်မှာပဲ ကရင်မလင် နန်းတော်ဟာ ပရီဂိုရှင်ရဲ့ လှုပ်ရှားမှုတွေကို လိုက်ခြေရာခံမနေဘူးလို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ဝဂ္ဂနာပြည်သူ့စစ်ခေါင်းဆောင် ပရီဂိုရှင်အား အပြင်းအထန် တိုက်ခိုက်မှုကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ဇူလိုင် ၅ ရက်ညမှာ လွှင့်ထုတ်ခဲ့ကာ ပုန်ကန်မှုနဲ့ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ  လူကာရှန်ကို တို့အကြား တွေ့ဆုံမယ့် ရက်အတိ အကျ မသတ်မှတ်ရသေးကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။ အစီအစဉ် အသေးစိတ်ကိုတော့ အတည်မပြုနိုင် သေးဘူးလို့လည်း ဆိုပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013