DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူ ၃၇၅၀ ကိုသတ်ဖြတ်၊ ၂၃၇၅၀ ကျော်ကို ဖမ်းဆီး
DVB
·
July 7, 2023
အာဏာသိမ်းပြီးနောက် စစ်တပ်က ပြည်သူ ၃၇၅၀ ကိုသတ်ဖြတ်၊ ၂၃၇၅၀ ကျော်ကို ဖမ်းဆီး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၇၅၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၇၅၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၃၈၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆,၆၆၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၇၀ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ ဒီကနေ့အထိ  အကြမ်းဖက်စစ်အုပ်စုကြောင့်  ပဲခူး တိုင်းမှာ ၂၄၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၂၄၄ ယောက်ထဲမှာ ပစ်ခတ်ခံရမှုကြောင့် ၁၂၄ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြပွဲအတွင်း ဖြိုခွင်းသတ်ဖြတ်ခံရသူ အရေအ တွက်ကတော့ ၉၄ ယောက် ရှိခဲ့တာပါ။ ဒါ့အပြင် ပဲခူးတိုင်းထဲမှာ ၁,၉၅၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၁,၄၆၈ ယောက်ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီထဲမှာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၄၉၁ ယောက် ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဇီးဖြူကုန်းနယ်မြေရဲစခန်းနဲ့ ရဲစခန်းအနီးက ရဲနဲ့ ပျူစောထီးတွေရှိတဲ့ လောင်းကစားဝိုင်း တိုက်ခိုက် ခံရပြီးနောက် ဇူလိုင် ၃ ရက် ညပိုင်းအချိန်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာက မခင်ညိုမြင့်၊ ကိုမြတ်မင်း စိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ ဦးမြင့်ကြိုင်၊ ကိုစည်သူနဲ့ မဝတ်ရည်စိုးတို့ကို PDF လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး ဇီးဖြူကုန်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013