DVB Logo
Home
မြန်မာသတင်း
ဒီရေတောကို အိမ်ရာစီမံကိန်းအကောင်ထည်ဖော်မှု တားဆီးပေးရန် တောင်းဆို
DVB
·
July 14, 2014
ဒီရေတောကို အိမ်ရာစီမံကိန်းအကောင်ထည်ဖော်မှု တားဆီးပေးရန် တောင်းဆို
Donate to DVB

ဒီရေရောက်တောကို မြေဖို့ပြီး အိမ်ရာစီမံကိန်း အကောင်အထည်ဖော်နေမှုအပေါ် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထိရောက်စွာ အမြန်ဆုံး တားဆီးပေးဖို့ ချောင်းသာ ဒေသခံတွေက လိုလားနေကြပါတယ်။

Chaung Tar copyဆန်းလိုက် ကုမ္ပဏီလီမိတက် က ဒေါန အိမ်ရာမြေစီမံကိန်းကို အကြောင်းပြုပြီး ပင်လယ်ရေ အ၀င်အထွက် ရှိတဲ့ ဒီရေရောက်တောတွေ ကို မြေဖို့ပြီး အိမ်ရာ ကွက်ဖော်ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ချောင်းသာ ကျေးရွာနေ ဦးထွန်းဝင်းက “မြေဖို့လိုက်ခြင်းအားဖြင့် ဒီနေရာမှာ ၀င်ရောက်မယ့် ရေတွေ တခြားနေရာကို အစားဖိုး ၀င်ရောက်သွားမယ်ဆိုရင် သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး အဖွဲ့အစည်းတွေကို ကျနော်ပြောချင်တယ်။ ဒါတွေကို မြေမဖို့သင့်ဘူး၊ မူလအတိုင်း ပြုပြင်ထိန်းသိမ်းသင့်တယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ချောင်းသာကျေးရွာ ကွင်းအမှတ် ၁၉၉၀ (ပြင်) ဒေါနတောင် ဘုရားလမ်းဘေးမှာ လုပ်ဆောင်နေတဲ့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့ သုံးလလောက်က စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

အခုစီမံကိန်းမှာ ပေ ၄၀x ပေ ၆၀ အကျယ်အ၀န်း ရှိတဲ့ မြေကွက် ၄၀၀ ခန့် ပါဝင်ပြီး ချောင်းသာမှာတော့ ပထမဆုံး အိမ်ရာ စီမံကိန်းလည်း ဖြစ်ပါတယ်။

မြေဖို့နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒေါန အိမ်ရာမြေစီမံကိန်း ၀န်ထမ်း ဦးစိုးနိုင်က “အများကတော့ ပြောကြတယ်။ ဒီရေရောက်တော၊ ဒီရေရောက်တော့။ အမှန်တကယ် ဒီရေရောက်တောလည်းပါတယ်၊ ဓနိခင်းလည်းပါတယ်၊ အုန်းခင်းတွေလည်း ပါတယ်၊ တောင်လည်းပါတယ်။ အားလုံးခြုံပြီး ဒီရေရောက်တောတော့ မဟုတ်ဘူး။ ဓနိခင်းတ၀က်ပါသလို ဒီရေရောက်တောက တ၀က်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေတဲ့ ဒီစီမံကိန်းကို ရပ်တန့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေက တားမြစ်ခဲ့ကြပြီးဖြစ်တယ်လို့    ရွှေသောင်ယံ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ပြောပါတယ်။

“တာဝန်ရှိတဲ့အပိုင်းအကုန်လုံးကို ကျနော်တို့ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ တားလည်း တားမြစ်ပြီးပြီ၊ စစ်ဆေးလည်း ပြီးပြီ၊ ဆက်လက်မလုပ်ဖို့လည်း တားမြစ်ပြီး ဖြစ်ပါတယ်။ မရရင် တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ပဲ ရှိပါတယ်။”

အခုလိုနေရာတွေကို မြေဖို့ပစ်လိုက်တာဟာ ဂေဟစနစ်ကို ယိုယွင်း ပျက်စီးစေနိုင်သလို၊ သဘာဘေး အန္တရာယ် ကျရောက်မှုကိုလည်း ခံရနိုင်တာကြောင့် စီမံကိန်း မစခင် တိုင်းဒေသကြီး အစိုးရ အနေနဲ့ ကုမ္ပဏီကို EIA SIA ထောက်ခံချက် လက်မှတ်တွေ အရင်ဆုံး လုပ်ဆောင် ခိုင်းသင့်တယ်လို့ ဒီရေတော ထိန်းသိမ်းရေး ပညာရှင်တွေက သုံးသပ် ပြောဆိုပါတယ်။

သစ်တောရေးရာ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၉၈၀ ခုနှစ်မှာ ဧရာဝတီတိုင်း အတွင်း ဒီရေတော ဧကပေါင်း ၆ သိန်း ၇ သောင်းကျော်၊ တနင်္သာရီတိုင်းမှာ ၆ သိန်း ၄ သောင်းကျော်နဲ့ ရခိုင် ကမ်းရိုးတန်းမှာတော့ ၄ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး၂၀၁၃ ခုနှစ် ထုတ်ပြန်ချက်မှာတော့ ဧရာဝတီတိုင်းမှာ ၁ သိန်း ၁ သောင်းကျော်၊ တနင်္သာရီတိုင်းမှာ ၃ သိန်း ၇ သောင်းကျော်နဲ့ ရခိုင် ကမ်းရိုးတန်းမှာတော့ ၂ သိန်း ၅ သောင်း ကျော်သာ ရှိတော့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013