DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း စစ်တပ်စျာပနကို ရုရှားတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ၃၈ ဦးဒဏ်ရာရ
DVB
·
July 5, 2023
ယူကရိန်း စစ်တပ်စျာပနကို ရုရှားတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ၃၈ ဦးဒဏ်ရာရ
Donate to DVB

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသက စစ်တပ်ဈာပနတခုကို ပစ်မှတ်ထားပြီး ဇူလိုင် ၄ ရက်က ရုရှားဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ပါဗိုမိုက်စကီမြို့မှာ ကလေးငယ် ၁၂ ဦး အပါအဝင် လူ ၃၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကိယက်ဗ်စံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်မှာ Iskander ဒုံးကျည်တစင်းဟာ ပါဗိုမိုက်စကီမြို့ငယ်လေးရဲ့ လူနေရပ်ကွက်တခုကို ကျရောက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလေး ဆိုင်နယ်ဟူဘို့ဗ်က ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းရှိ ဘာ့ခ်မုထ်အနီး တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အာဇော့ဗ်တပ်ရင်းမှ ယူကရိန်းစစ်သား အိုလေး ဖှာဒီးန်ကိုရဲ့ ဈာပနကို ပါဗိုမိုက်စကီမြို့မှာ ပြုလုပ်နေလို့ လူတွေစုရုံးနေချိန်ဖြစ်ပြီး တချို့က စစ်ယူနီဖောင်းနဲ့ တချို့က အရပ်ဝတ်တွေနဲ့ တက်ရောက်နေခဲ့တဲ့ အဲဒီဈာပန ကျင်းပနေတဲ့နေရာကို ပစ်မှတ်ထားခဲ့တာလို့ အာဇော့ဗ် တပ်ရင်းရဲ့ တိုက်ခိုက်ရေးယူနစ် တပ်မှူးဟောင်း မခ်ဆင်မ် ဇိုရင်န်က ပြောပါတယ်။

မြို့တွင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂,၀၀၀ လောက် နေကြတဲ့ နေအိမ်တိုက်ခန်းတွေ ပျက်စီးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၈ ဦးထဲမှာ အငယ်ဆုံးက ၃ လအရွယ်ကလေး ဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။ ကလေးရဲ့အခြေအနေက ချက်ချင်း မရှင်းလင်းသေးပါဘူး။

ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ချက်ချင်း မှတ်ချက် မပေးခဲ့ပါဘူး။ မော်စကိုဟာ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ မှတ်ချက်တွေကို အမြဲလိုလို ငြင်းဆန်ထားပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းတဝန်းရှိ မြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်နေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013