

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ ဇူလိုင် ၃ ရက် မနက်ပိုင်းအထိ ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ သန်းတဝက်လောက် ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရကြောင်း PowerOutage.us ဝက်ဆိုက်ကနေ သိရပါတယ်။
အင်ဒီယားနားပြည်နယ်နဲ့ အာကန်ဆပ်စ်ပြည်နယ်တို့မှာ ဇွန် ၂၅ ရက်က လေဆင်နှာမောင်းနဲ့ မိုးကြိုးမုန်တိုင်းတွေ အများအပြား တိုက်ခတ်မှုကြောင့် နေအိမ်ဒါဇင်များစွာ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေနဲ့ အမျိုးသား မိုးလေဝသဌာနက ဇွန် ၂၆ ရက်မှာ ပြောခဲ့ပါတယ်။
အင်ဒီယားနားပြည်နယ်၊ မာတင်ကောင်တီမှ အရေးပေါ်အရာရှိတွေက အဲဒီဒေသမှာ ၁ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ သေဆုံးသူရဲ့ ဒဏ်ရာရတဲ့ အဖော်ကိုတော့ ဆေးရုံကို လေယာဉ်နဲ့ ပို့ဆောင်ထားတယ်လို့ အရေးပေါ် စီမံခန့်ခွဲမှု ဒါရိုက်တာ ကင်မရွန်ဝုဖှ် က ပြောပါတယ်။
သူတို့ဟာ နှစ်ထပ်သစ်လုံးအိမ်အတွင်းမှာ နေထိုင်ခဲ့ကြပြီး ခုတော့ အဲဒီအိမ်ဟာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားပါတယ်။ နောက်ထပ်အသေးစိပ် အချက်အလက်တွေကို ချက်ချင်း မသိရသေးပါဘူး။
တနင်္ဂနွေနေ့က ပြင်းထန်တဲ့ မုန်တိုင်းကြောင့် အာကန်ဆပ်စ်ပြည်နယ် ကားလိုင်းလ်မြို့ရှိ နေအိမ်တလုံးကို သစ်ပင်ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း လောနုတ်ခ်ကောင်တီ အုပ်ချုပ်ရေးရုံးမှ အတည်ပြုပြောကြားခဲ့ကြောင်း CBS News မှ တွဲဖက်အရာရှိတစ်ဦးက ပြောပါတယ်။
Source-Reuters











