DVB Logo
Home
နိုင်ငံတကာ
လွှတ်တော်အတွင်း ထိုင်းဘုရင် အဖွင့်စကားပြော
DVB
·
July 4, 2023
လွှတ်တော်အတွင်း ထိုင်းဘုရင် အဖွင့်စကားပြော
1 / 2
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဘုရင် မဟာဝဇီရာလောင်ကွန်းဟာ ဇူလိုင် ၃ ရက်က ထိုင်းလွှတ်တော်ကို လာရောက်ပြီး   အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်ခြောက်ပတ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အံ့အားသင့်စရာ အနိုင်ရပြီးတဲ့နောက် Move Forward ပါတီက အစိုးရဖွဲ့ဖို့ ကြိုးပမ်းနေတဲ့ လွှတ်တော် စင်မြင့်ကို စတင်ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။ 

Move Forward ပါတီဟာ လူငယ်မဲဆန္ဒရှင်တွေနဲ့ မြို့တော် ဘန်ကောက်တို့က ကြီးမားတဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် လုံလောက်တဲ့ ထောက်ခံမှုရဖို့ လူမှုကွန်ရက် မီဒီယာပေါ်မှာ တခဲနက်မဲဆွယ်ခဲ့ပါတယ်။ 

Move Forward ပါတီဟာ  လွှတ်တော်ထဲက အမတ်နေရာ အများစုကို အနိုင်ရအပြီး  လွှတ်တော်ထဲမှာ လူကြိုက်များရေးဝါဒီ ပါတီကြီးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီအပါအဝင် ၈ ပါတီ ပူးပေါင်းကာ ညွှန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ 

လွှတ်တော် ဥက္ကဋ္ဌရာထူးကိုတော့ Move Forward ပါတီရဲ့ ထောက်ခံမှုနဲ့အတူ  ပရာချာချတ်ပါတီခေါင်းဆောင် အသက် ၇၉ နှစ်အရွယ် ဝန်မူဟာမက်ဒ်နော်မာသာက ပြိုင်ဘက်မရှိဘဲ ရွေးချယ်ခံရပါတယ်။  

ဒီရာထူးဟာ ထင်ရှားပြီး ဥပဒေပြုခွင့်နဲ့ အဓိကမဲပေးမယ့် အချိန်ကို ဆုံးဖြတ်နိုင်တဲ့ အရေးပါတဲ့ ရာထူးနေရာ တစ်ခုဖြစ်ပြီး အခုလို လွှတ်တော် ဥက္ကဋ္ဌရာထူးကို တခြားပါတီတခုကို ပေးလိုက်တာဟာ အတွေ့မကြုံမရှိတဲ့ Move Forward ပါတီရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲလို့ အတိုက်အခံ အထက်လွှတ်တော်အမတ် ဆုံမ်ချိုင်းက ဝေဖန်ပါတယ်။

လွှတ်တော် ဒုဥက္ကဋ္ဌ (၁) ရာထူးကိုတော့ Move Forward  ပါတီက ရယူဖို့ရှိပြီး     ဒုဥက္ကဋ္ဌ (၂)    ရာထူးကိုတော့ ဖွေ့ထိုင်းပါတီတို့က ရယူဖို့ရှိပါတယ်။ 

ထိုင်းလွှတ်တော်မှာ  ဝန်ကြီးချုပ်ရာထူးနေရာအတွက်လည်း  မဲပေးရွေးချယ်ကြရဖို့ ရှိပြီး  Move Forward ခေါင်းဆောင် ဖိထားအနေနဲ့ လိုအပ်တဲ့ ထောက်ခံမဲအရေအတွက်ရမလားဆိုတာကတော့  မသေချာသေးပါဘူး။ 

ဒီကနေ့  လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ မဲပေးရွေးချယ်နေချိန် လွှတ်တော်အပြင်ဘက်မှာတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး အပြည့်ချထားပါတယ်။

Photo-Thai royal family

Source-Reuters/Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013