DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်စခန်း ၆ ခု ဘန်ကောက်တွင် ထပ်ဖွင့်
DVB
·
July 14, 2014
ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်စခန်း ၆ ခု ဘန်ကောက်တွင် ထပ်ဖွင့်
Donate to DVB

ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ရေးစခန်းတွေကို ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ထဲမှာ စခန်း ၆ ခု ထပ်ဖွင့်မယ်လို့ ထိုင်းအမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုးချားက ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

[caption id="attachment_59446" align="alignright" width="300"]မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ် မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ်[/caption]

အဲဒီနေရာတွေကတော့ ဘန်ကောက်ခရိုင်ထဲ က  ဗန်းခဲန်း၊ ဒင်းဒဲန်း၊ မိင်းပူးရီ၊ ၀ိဝပ်ထနား၊ ပထုမ်းဝမ်းနဲ့ ဗန်းဗွန်းစတဲ့ မြို့နယ်ပေါင်း ၆ ခုမှာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၁၅ ရက်နေ့ကနေ သြဂုတ် ၁၄ ရက်နေ့ထိ လက်ခံ ဆောက် ရွက်ပေး သွားမယ် လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

မြို့နယ် ၆ ခုက ဖွင့်လှစ်သွားမယ့် စခန်းတွေကတော့ ဗန်းခဲန်းမှာဆိုရင်  အင်ထရာဗဟို အားကစားရုံ၊ ဒင်းဒဲန်းမှာ ဘန်ကောက်လူငယ်ဗဟိုဌာန၊ မိင်းပူးရီးမှာ မင်းထင်ထောင်းန် ပချားခုမ်းဇရပ်၊ ပထုမ်းဝမ်းမှာ ဖိနိတ်လူငယ်ဂေဟာ ၊ ၀ိဝပ်ထနားမှာ ၀ိဝပ်ထနားလူငယ်ဂေဟာနဲ့ ဗန်းဗွန်းမှာ ဗန်းဗွန်းအားကစားကွင်းတို့ ဖြစ်ကြပြီး ၀မ်းစတော့ပ်ဆားဗစ် တနေ ရာတည်း အပြီးစနစ်နဲ့   မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ နေ့စဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံကနေ ထိုင်းနိုင်ငံထဲမှာ ၀င်ရောက်လုပ်ကိုင်နေသူ အလပ်သမားတွေအတွက် မှတ်ပုံတင်ပေးရေးစခန်းတွေကို ဇွန် ၃၀ ရက်နေ့က မဟာချိုင်မှာ အရင်ဆုံး ဖွင့်လှစ်ခဲ့ပြီး  အဲဒီနောက်  ချွန်ဘူရီ၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ချချိန်းဆောဝ်း၊ ဆုန်ခလာနဲ့ အယုဒ္ဓယတွေမှာ ဆက်တိုက်လို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီစခန်းတွေကို ထိုင်းနိုင်ငံတ၀ှန်းလုံးမှာ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမယ်လို့ ထိုင်း အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကောင်စီက အမိန့်စာ အမှတ် ၇၀/၂၀၁၄နဲ့ ထုတ်ပြန် ထားခဲ့ပေမယ့်လည်း ၀မ်းစတော့ပ်ဆားဗစ်စင်တာ ဖွင့်လှစ်မယ့်နေရာတွေကိုတော့ အလျဉ်းသင့်သလို ကြေညာသွားတာ ဖြစ်ပါတယ်။

ဗဟိုဌာန မဖွင့်လှစ်ရသေးတဲ့ အခြားခရိုင်တွေမှာတော့  ရွှေ့ပြောင်းအလုပ်သမားစာရင်းတွေ ကြိုတင်ကောက်ယူနေပါတယ်။

အလုပ်ရှင်တွေအနေနဲ့ မိမိလက်ခံ တာဝန်ယူထားတဲ့ အလုပ်သမား လက်မှတ်ရှိသူရော မရှိသူတွေစာရင်းတွေကိုပါ ကောက်ခံပြီး  သက်ဆိုင်ရာခရိုင် အလုပ်သမားရှာဖွေရေးရုံးကို ၂၀၁၄ ဇူလိုင် ၁၅ ရက်နေ့  နောက်ဆုံးထား ပေးပို့ရမယ်လို့  ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013