DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်တော်က အမှတ်စဉ် ၃ သင်တန်းသားများကို အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနား ကျင်းပ
DVB
·
July 3, 2023
ရက္ခိုင့်တပ်တော်က အမှတ်စဉ် ၃ သင်တန်းသားများကို အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနား ကျင်းပ
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ မှ လေ့ကျင့်ရေးသင်တန်းသူ/သင်တန်းသားတွေအား အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ရက္ခိုင်ပြည်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

အနာဂတ်ရက္ခိုင့် တပ်တော်ကို ဦးဆောင်နိုင်မယ့် စစ်သည်တော်ကောင်းတွေ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာရေး စတဲ့ ရည်မှန်းချက်တွေကို တပ်တော်တည်ထောင်ပြီးစကတည်းက အစဉ်တစိုက်လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေတွေကြောင့် မျှော်မှန်းချက်ထားတဲ့ အနေအထားကို ပြည့်မီစွာ မရောက်ရှိနိုင်ခဲ့ပေမဲ့ အရာရှိလောင်းတွေ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်နေတယ်လို့ ရက္ခိုင်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်၊ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၃ အား ၂၀၂၂ ခု နိုဝင်ဘာ ၁ ရက်ကစပြီး သင်တန်းသူ၊ သင်တန်းသား ၃၂၆ ယောက်နဲ့ ရက္ခိုင်ပြည်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန် ၁၉ ရက်နေ့မှာ အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော်၊ အရာရှိလောင်းလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် ၁ နဲ့ ၂ တို့အား မဟာမိတ် ကချင်ပြည်မှာ လေ့ကျင့်ပြုလုပ်နိုင်ခဲ့ပြီး အမှတ်စဉ် ၃ ကတော့ ရက္ခိုင်ပြည်မှာ ပထမဆုံးပြုလုပ်တဲ့ အရာရှိလေ့ကျင့်ရေး သင်တန်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်၊ အရာရှိဖြစ်သင်တန်း၊ အမှတ်စဉ် ၄ ကိုလည်း ၂၀၂၄ ခု နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်သွားဖို့ လျာထားပြီး ဖွင့်လှစ်မယ့်အချိန်ကို အသိပေးသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်တာဝန် ထမ်းဆောင်လိုကြသောသူတွေ၊ အနာဂတ် ရက္ခိုင့်တပ်တော်မှာ တာဝန်ယူလိုကြတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ နီးစပ်ရာ စစ်ဒေသများမှတဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး နဲ့ တည်တံ့ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား ၉ နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့က သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦးနဲ့ ကချင်ပြည်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013