DVB Logo
Home
နိုင်ငံတကာ
ကင်မ်ဂျုံအန်း သွားရောက်ခဲ့သည့် နျူကလီးယားစက်ရုံသစ်နေရာပြ ဂြိုဟ်တုဓာတ်ပုံ ပြသ
DVB
·
June 5, 2026
Photo: 2026 PLANET LABS PBC
Photo: 2026 PLANET LABS PBC
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း သွားရောက်ကြည့်ရှုခဲ့တဲ့ နျူကလီးယားစက်ရုံ အသစ်ရဲ့ တည်နေရာကို Planet Labs PBC က ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ဇွန် ၄ ရက်မှာ အများပြည်သူကို ချပြလိုက်ပါတယ်။

အဲဒီစက်ရုံရဲ့ တည်နေရာ ကိုဩဒိနိတ်ကိုလည်း ဖော်ပြထားပြီး ၂၀၂၅ ခုနှစ် မေလကစပြီး ဒီစက်ရုံဝန်းကျင်မှာ လမ်းတွေခင်းနေတာကို တွေ့ခဲ့ရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဇွန် ၃ ရက်က အသစ်ဖွင့်လှစ်လိုက်တဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေးစက်ရုံကို သွားရောက်ခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားအင်အားကို တိုးချဲ့ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အကဲခတ်တွေကတော့ အခု ကင်မ်ဂျုံအန်း သွားရောက်ခဲ့တဲ့နေရာဟာ ယောင်ဗြွန်း နျူကလီးယားစက်ရုံ ဖြစ်ဖို့များတယ်လို့ ရိုက်တာကို ပြောပါတယ်။

ကင်မ်ဂျုံအန်း သွားခဲ့တဲ့နေရာဟာ ယူရေနီယံသန့်စင်တဲ့ နေရာတခု ဖြစ်တယ်လို့ ဆိုးလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး တာဝန်ရှိသူက ပြောပါတယ်။

မစ်ဒဲလ်ဘရီကောလိပ်က ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ထင်ရှားတဲ့ ပညာရှင် ဂျက်ဖရီလူးဝစ်စ်က မနှစ်ကတည်းက ဂြိုဟ်တုဓာတ်ပုံတွေကို ထုတ်ပြန်ပြီး ယောင်ဗြွန်းစက်ရုံ ရှိနိုင်မဲ့နေရာကို ထောက်ပြခဲ့ဖူးပါတယ်။

အဲဒီနေရာမှာ အလျား ၉၅ မီတာ၊ အနံ ၂၄ မီတာရှိပြီး ရုံးခန်းတွေနဲ့ ထောက်ပံ့ရေး အဆောက်အအုံတွေ ဝန်းရံထားတဲ့ ဗဟိုခန်းမကြီးတခု ပါဝင်ပါတယ်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ မေလအတွင်းက ဂြိုဟ်တုဓာတ်ပုံတွေအရလည်း အဲဒီစက်ရုံ ပတ်ပတ်လည်မှာ လမ်းတွေ ကတ္တရာခင်းထားတာကို တွေ့ရပါတယ်။

အကဲခတ်တွေကတော့ ကင်မ်ဂျုံအန်းရဲ့ ဒီခရီးစဉ်ဟာ နောင်ဖြစ်လာနိုင်ခြေရှိတဲ့ သံတမန်ရေးရာ ဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားဘက်က အသာစီးရအောင် ပြင်ဆင်တာဖြစ်သလို တဖက်မှာလည်း သူတို့ရဲ့ နျူကလီးယားအင်အား အရှိန်အဟုန်မြှင့် တိုးချဲ့နေတာကို တရားမျှတမှုရှိအောင် အကြောင်းပြချင်ပုံရတယ်လို့  သုံးသပ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013