ကိုကင်းမူးယစ်ဆေးများသယ်လာသည့် ရေငုပ်သင်္ဘောကို မက္ကဆီကိုရေတပ်ဖမ်းဆီး
DVB
·
July 1, 2023


မက္ကဆီကိုရေတပ်ဟာ ကိုကင်းလို့ ယူဆရတဲ့ မူးယစ်ဆေးဝါး တန်ချိန် ၅ တန်ခွဲလောက် တင်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစင်းကို ဇွန်လ ၂၇ ရက် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရေငုပ်သင်္ဘောဟာ ၈၅ ပေ ရှည်လျားပြီး လက်ရှိအစိုးရလက်ထက်မှာ လုံခြုံစိတ်ချရမှု အများဆုံး အမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။
သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ နိုင်ငံပေါင်းစုံမှ လူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ကမ်းရိုးတန်းမြို့ လာပက်ဇ်ကို ခေါ်ဆောင်သွားကာ သူတို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။











