ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့အနားမှာ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၀ ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု ဇွန် ၃၀ ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၁၆ မိနစ် ၅၁ စက္ကန့်မှာ ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၄ မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း မိုင်းပြင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ အနက် ၂၉ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။
အဆိုပါငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို သတင်းတွေကတော့ မရရှိပါဘူး။