DVB Logo
Home
မြန်မာသတင်း
တာချီလိတ် မိုးကြီးမြေပြိုမှု ကလေး ၃ ဦး အပါအ၀င် ၇ ဦး သေဆုံး
DVB
·
July 13, 2014
တာချီလိတ် မိုးကြီးမြေပြိုမှု ကလေး ၃ ဦး အပါအ၀င် ၇ ဦး သေဆုံး
1 / 11
Donate to DVB

တာချီလိတ်မြို့နယ် ၀ါကောင်းအုပ်စု ကချင်ရွာမှာ ဇူလိုင် ၁၃ ရက်နေ့ မနက် ၁ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားလို့ ကလေး ၃ ဦး အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်ပွားခဲ့ပုံကို တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးလှမိုး က“ည ၁ နာရီဝန်းကျင်လောက် တာချီလိတ်မှာ မိုးပြင်းထန်စွာ ရွာပါတယ်။ ရာသီဥတု တအားဆိုးသွားပြီး တောင်ကိုဖြိုထားတဲ့မြေတွေက အပေါ်ကနေပြီး မြေကပြိုပြီး အိမ်ခန်း ၄ ခန်းကို ဖိချလိုက်တယ်။ မိသားစု ၂ ပေါ့။ ၁ စုက ၄ ယောက်။ နောက် ၁ စု ၃ ယောက် အားလုံးပေါင်း ၇ ယောက် ဆုံးတယ်”လို့ ပြောပါတယ်။

၈ လ အရွယ်ကလေးတဦး၊ အသက် ၇-၈နှစ်လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ ကလေး ၂ ဦး အပါအ၀င် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စက်ယန္တရားအင်အားသုံးပြီး ဖော်ထုတ်ခဲ့ရ တယ်။ မနက် ၆ နာရီထိုးမှ အလောင်းအားလုံး ထုတ်ဖော်လို့ရတယ်။ တာချီလိတ်နာရေးကူညီမှု အသင်းက သေဆုံးသူတွေရဲ့ နာရေးကိစ္စ အစစ တာဝန်ယူ လုပ်ဆောင်ပေးထားတယ်လို့လည်း ဦးလှမိုးက ပြောပါတယ်။

လေးခန်းတွဲတိုက်တန်း ပြိုကျခဲ့တာဖြစ်ပြီး အနီးနားရှိ ၂ ခန်းတွဲတိုက်တန်းလည်း ပြိုမလိုဖြစ်နေလို့ တိုက်ခန်းနေသူတွေကို ရွှေ့ပြောင်းထားရပါတယ်။

အခု မြေပြိုကျမှုအတွင်း သေဆုံးသူမိသားစုတွေဟာ တာချီလိတ်မြို့ပေါ်မှာ အမှိုက်ကောက်ပြီး အသက်မွေဝမ်းကျောင်းနေကြရတဲ့ ဆင်းရဲနွမ်းပါးသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မြို့မှာ မိုးကြီး မြေပြိုလို့ လူသေဆုံးမှုဖြစ်ပွားတာ ဒါ ပထမဆုံး ဖြစ်ပွားခဲ့တာပါ။

[gallery ids="60180,60181,60182,60183,60184,60185,60186,60187,60188,60189,60190"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013