DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ဖြူစျေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်
DVB
·
July 1, 2023
ကြက်သွန်ဖြူစျေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ ကြက်သွန်ဖြူစျေးတွေ စံချိန်တင် စျေးမြင့်တက်သွားပြီး စျေးကြီးပေး ဝယ်စားနေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ကြက်သွန်ဖြူစျေးနှုန်း ၁ပိဿာ ကျပ် ၆,၀၀၀ ဝန်းကျင်သာ ရှိရာကနေ အခု ကျပ် ၁၀,၀၀၀ အထိ တက်သွားပြီး ကြက်သွန်နီစျေးလည်း အနည်းငယ်တက်သလို အခြေခံစားသောက်ကုန်တွေထဲက ဆန်၊ ဆီ၊ သားငါးတွေကအစ အကုန်တက်တယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စျေးသည်တယောက်က “အခု စျေးလည်းရောင်းရတာ စျေးကြီးနေတော့ လူတွေ မဝယ်နိုင်ကြဘူး။ လူတွေက အရင်လို အသွားအလာကမရှိ၊ အရောင်းဝယ်လည်းမရှိ၊ ဒီနေ့ရောင်းတဲ့စျေး နောက်နေ့ ပစ္စည်းစျေးက ထပ်တက်ပြန်၊ ငွေကလိုက်မနိုင် ရှုံးကြတာပဲ။ ရောင်းရင်းနဲ့ အရင်းပါ ပျောက်သွားတာရှိတယ်” လို့ ပြောပါတယ်။

အခုလို ကုန်စျေးနှုန်းတွေ ထပ်မံတက်လာတာက ရွှေစျေး၊ ဒေါ်လာငွေစျေးတွေ တက်တဲ့သတင်းကြားတာနဲ့ ကုန်သည်တွေက အရင်ကထက် ပိုသိုလှောင် ဝယ်ယူမှုတွေ မြင့်တက်သွားတာရယ်၊ ကုန်ပစ္စည်းကလည်း အဝင်တွေ သိပ်မရှိတာရယ်ကြောင့် ​ပစ္စည်းစျေးတွေက ထိန်းမနိုင်ဘဲ အတက်ဘက်ကို ဦးတည်သွားတာပဲလို့ စီးပွာရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အခုဆို ရေးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့အတွက် ဥယျာဥ်ခြံသမားတွေလည်း ခြံလုပ်ငန်းတွေ မလုပ်ရ၊ လမ်းဘေးစျေးသည်တွေကအစ လူတွေ အသွားအလာ မရှိကြတော့ဘဲ အလုပ်တွေ အဆင်မပြေကြသလို ကုန်စျေးနှုန်းကပါ တခါကြီးပြန်ဆိုတော့ လူတွေ ဘယ်လိုရှေ့ဆက်ရပ်တည်ရမလဲ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်ထဲမှာ အခုရက်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အတွက် လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်နေပြီး သာမန်အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013