DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံကျဉ်းပေါင်း ၄၅၀ ကျော်ကို ကျပ်သိန်းပေါင်း ၁၃၀၀ ခန့် လှူဒါန်းပြီး
DVB
·
July 12, 2014
ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံကျဉ်းပေါင်း ၄၅၀ ကျော်ကို ကျပ်သိန်းပေါင်း ၁၃၀၀ ခန့် လှူဒါန်းပြီး
Donate to DVB

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းရဲ့ ၁၅ ကြိမ်မြောက် ထောက်ပံ့ငွေလှူဒါန်းပွဲမှာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦး အပါအ၀င် စုစုပေါင်း ၂၇ ဦးကို ငွေကျပ် ၇၆ သိန်း ထောက်ပံ့လှူဒါန်း ခဲ့ပါတယ်။

u win tinရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ကူညီတဲ့ ပွဲမှာ အခုလို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့အထိ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက လက်ရှိ နိုင်ငံရေးအကျဉ်းသား ၆၀ကျော် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ စာနယ်ဇင်းမိသားစုဝင်များ စုစုပေါင်း ၄၅၀ ကျော်ကို ငွေကျပ်သိန်းပေါင်း ၁၃၀၀ လောက် ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဖောင်ဒေးရှင်းက ဦးကျော်အောင်က ပြောပါတယ်။

ဦးဝင်တင်ကွယ်လွန်တဲ့ ၆ လပြည့်အထိမ်းအမှတ်အနေနဲ့ အတ္ထုပ္ပတ္တိနဲ့ မှတ်တမ်းစာအုပ်ထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးကျော်အောင်က ပြောပါတယ်။

“သူနဲ့ ပတ်သက်တဲ့ ဘ၀ အတ္ထုပ္ပတ္တိပေါ့။ သူကိုယ်တိုင်ရေးတဲ့ အတ္ထုပ္ပတ္တိကတော့ ပထမပိုင်း ထုတ်ပြီးပြီ။ သူ့အကြောင်းကို အပိုင်းလိုက်ဝိုင်းရေးဖို့ စာမူလည်း စုဆောင်းနေပါတယ်။ အဲဒါကို ၆ လပြည့်မှာ ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်။”

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကနေ လက်ရှိ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်း သားဟောင်းတွေနဲ့ ဘ၀တူ စာနယ်ဇင်းသမားတွေကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ထောက်ပံ့ လှူဒါန်းခဲ့တာဖြစ်ပြီး ဦးဝင်းတင်ကွယ်လွန်ပြီးချိန်မှာလည်း ဖောင်ဒေးရှင်းက အရှိန်အဟုန်မပျက် ဆက်လက် ထောက်ပံ့လှူဒါန်းနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013