DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် စစ်ကောင်စီဘောလုံးပွဲ ဖြစ်မြောက်ရေး အဓမ္မငွေကောက်ခံ
DVB
·
June 27, 2023
ဘားအံတွင် စစ်ကောင်စီဘောလုံးပွဲ ဖြစ်မြောက်ရေး အဓမ္မငွေကောက်ခံ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့ မြို့ပေါ် ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ၁ အိမ်ထောင် ၂၀၀၀ ကျပ် အတင်းအဓမ္မ လိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ၂၀၂၃ ခုနှစ် မိုးရာသီ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီ ငွေအတင်းအဓမ္မ လိုက်လံကောက်ခံနေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာတွေကြောင့် အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့တွေနဲ့ ရင်ဆိုင်နေရပြီး အခုလို ငွေကောက်ခံတာတွေကြောင့် အခက်အခဲမျိုးစုံနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။

မြို့ခံပြည်သူတဦးက “အခုက ပြည်သူတွေ အခက်အခဲကြုံနေရချိန် ပြည်သူတွေဘာဖြစ်ဖြစ် သူတို့အဆင်ပြေဖို့အတွက်ပဲ ကြည့်တယ်။ မရရင် အမျိုးမျိုး ခြိမ်းခြောက်မယ်။ လိုင်စင်မဲ့ ယာဉ်တွေဖမ်းတော့ အလုပ်လက်မဲ့တွေ ပိုများလာတယ်။ တချို့မိသားစုဆို စားဖို့တောင် နပ်မမှန်ဘူး။ စကစ လက်ထက်မှာ ခိုးဆိုးလုနှိုက်တွေ ပိုများလာတာ မထူးဆန်းဘူး”လို့ ပြောပါတယ်။

ဘားအံမြို့မှာ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူတွေဟာ အလုပ်အကိုင်ပုံမှန်မရှိတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်တာကြောင့် စားသောက်ရေးမှာ အဆင်မပြေတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို စစ်ကောင်စီအုပ်ချုပ်ရေးက ငွေကောက်ခံတာတွေကြောင့် အဆင်မပြေမှုတွေက ပိုဆိုးလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောပါတယ်။

ဘားအံမြို့နယ်အတွင်းက ကျေးလက်ဒေသနေ ပြည်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သလို ဒေသထွက်ကုန် သီးနှံတွေ ရောင်းချရာမှာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတာတွေကြောင့် ရောင်းဝယ်ဖောက်ကားတာတွေ ရပ်နားထားရတဲ့အတွက် စီးပွားရေး အဆင်မပြေမှုတွေနဲ့ ထပ်မံရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013