DVB Logo
Home
မြန်မာသတင်း
ဖမ်းမိမူးယစ်ဆေးဝါးများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2023
ဖမ်းမိမူးယစ်ဆေးဝါးများကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
Donate to DVB

၂၀၂၃ ခုနှစ် တနှစ်ကာလအတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကာလတန်ဖိုး ကျပ် ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံတန် မူးယစ်ဆေး ၃၆ မျိုးကို ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး ကုန်တင်ယာဥ်ရပ်နားကွင်းမှာ ဒီနေ့ ဇွန် ၂၆ ရက် မနက် ၈ နာရီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တက်ရောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၈၆၃၄ သန်း (မြန်မာငွေ ၄၃၆ ဒသမ ၄၅၆၆၄ ဘီလီယံ) တန်ဖိုးရှိတယ်လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းမှာလည်း ကျပ်သန်းပေါင်း ၁၄၄ ဒသမ ၉၉၈၁၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာလည်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၅၃ သန်း ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013