DVB Logo
Home
မြန်မာသတင်း
မယ်စဲ့ BP-13 စခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ၊ မယ်စဲ့တမြို့လုံးကို ကရင်နီ ပူးပေါင်းတပ်များ သိမ်းပိုက် 
DVB
·
June 26, 2023
မယ်စဲ့ BP-13 စခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ၊ မယ်စဲ့တမြို့လုံးကို ကရင်နီ ပူးပေါင်းတပ်များ သိမ်းပိုက် 
1 / 4
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံး စခန်းကုန်း BP-13  မှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ချ အလင်းဝင်လာပြီး မယ်စဲ့မြို့တစ်မြို့လုံးကို ကရင်နီတော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတဲ့ မယ်စဲ့မြို့နယ်ထဲမှာ ဗျူဟာကုန်းတစ်ခုကို ဇွန်လ ၂၃ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ BP-13 စစ်ကောင်စီစခန်းကုန်းတစ်ခုပဲ မယ်စဲ့မြို့နယ်ထဲမှာ ကျန်ရှိခဲ့တာပါ။

ခုချိန်မှာတော့ အဲဒီစခန်းကုန်းမှာကျန်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်က အားလုံးနီးပါး လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က ပြောပါတယ်။

မယ်စဲ့မြို့နယ်ထဲမှာ ဇွန်လ ၁၃ ရက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေဘက်က တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာတွေရှိပြီး  ဇွန်လ ၂၃ ရက်နေ့ BP-13 စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိခိုက်ကျဆုံးတချို့ ရှိပါတယ်။ လက်ရှိမှာတော့ လက်ကျန်တပ်စခန်းကလည်း လက်နက်ချတာကြောင့် စစ်ကောင်စီတပ်စခန်းအားလုံး မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

BP-13 စခန်းကုန်းမှာရှိတဲ့ ခမရ ၄၃၀ တပ်ရင်း တရင်းလုံး တော်လှန်ရေးတပ်ဖွဲ့ဆီကို လက်နက်ခဲယမ်း အစုံအလင်နဲ့ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကရင်နီ တော်လှန်ရေးအင်အားစု ရဲဘော်တယောက်ကလည်း ပြောပါတယ်။

ဇွန် ၂၅ ရက် မနက် ၉ နာရီခွဲလောက်မှာ  ခမရ ၄၃၀ တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုးတို့ ဦးဆောင်ကာ ဇွန်လ ၂၃ ရက်ကစပြီး အလင်းဝင်လာတာ အတည်ပြုနိုင်ပြီး ကျန်တာကတော့ အခုချိန်မှာ ပြောလို့မရသေးလို့လည်း ပြောပါတယ်။

မယ်စဲ့မြို့နယ်ထဲဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေထဲ KA, KNDF, KNLA အပြင် ၁၉၉၄ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းခံလိုက်ရတဲ့ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး-ကလလတရဲ့ တပ်ရင်းနှစ်ခုလည်း ပါဝင်တိုက်ခိုက်နေတာပါ။

ခုလိုမျိုး BGFတပ်ရင်းတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားတာဟာ ပထမဆုံးဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ကလလတခေါင်းဆောင်တွေကတော့ တစုံတရာထုတ်ပြောတာမရှိပါဘူး။ လက်ရှိမှာတော့ မယ်စဲ့မြို့နယ်ထဲ နေ့တိုင်း တိုက်ပွဲတွေက ဆက်လက်ရှိနေပြီး ဒေသခံ ၅၀၀၀၀ လောက် တစ်ဖက် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံနေကြပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်  အင်အား ၁၀၀ လောက်ရှိတယ်ဆိုတာနဲ့ လက်နက်တွေ သိမ်းဆည်းရမိတဲ့ သတင်းတွေ စစ်ကောင်စီဘက်က အတည်ပြု ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013