DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအလံဖြုတ်ယူမှု ရမည်းသင်း ကျောင်းသားသမဂ္ဂ ရှုတ်ချ
DVB
·
July 11, 2014
သမဂ္ဂအလံဖြုတ်ယူမှု ရမည်းသင်း ကျောင်းသားသမဂ္ဂ ရှုတ်ချ
Donate to DVB

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ချခံလိုက်ရတဲ့အပေါ် ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

[caption id="attachment_60085" align="alignright" width="300"]ဓာတ်ပုံ - Dagon University Students' Union ဓာတ်ပုံ - Dagon University Students' Union[/caption]အခုလို ကျောင်းသားတွေ အထွတ်အမြတ်တန်ဖိုးထားတဲ့ သမဂ္ဂခွပ်ဒေါင်းအလံတော်ကို ဖြုတ်ချ တာဟာ ကျောင်းသားထု တရပ်လုံးကိုပါ စော်ကားရာ ရောက်တဲ့အတွက် ဒဂုံ တက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ ကျောင်းသားထုကို အချိန်မီ တရားဝင်ဝန်ချတောင်းပန်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ကျောင်းသားတွေအပေါ်မှာ မတရားဖိနှိပ် ချုပ်ချယ်တဲ့ကျောင်းစည်းကမ်းတွေကို အမြန်ဆုံး ဖျက်သိမ်းပေးဖို့နဲ့ ကျောင်းသားသမဂ္ဂတွေအပေါ် ရန်လိုတဲ့ လုပ်ရပ်မှန်သမျှကို ရပ်တန်းက ရပ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

“တကယ်တော့ ရုံးခန်းတောင်းနိုင်တယ် ဆိုကတည်းက ဒဂုံကျောင်းသားတွေက ကျနော်တို့ထက် အများကြီး သာပါတယ်။ နေရာတိုင်းမှာက သမဂ္ဂဆိုတာ မရှိဘူး။ တရားမ၀င်ဘူး ဆိုပြီးတော့ ပြောဆိုဖိနှိပ်ခံနေရတာ” လို့ ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုအောင်ထွဋ်နိုင်က ပြောပါတယ်။

ဒဂုံ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ရုံးခန်းကို နားနေဆောင် ၁ မှာ ယာယီဖွင့်လှစ်ထားခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ညက အလံနဲ့ ဆိုင်းဘုတ်ဖြုတ်ခံလိုက်ရတဲ့အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် မနေ့က ကျောင်းဝင်းထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခ က ပြောပါတယ်။

နောက်ထပ်လှုပ်ရှားမှုတွေမှာ ပိုပြီး ပြင်ထန်လာမှာဖြစ်ပြီး တခြားကျောင်းသားသမဂ္ဂတွေကလည်း ၀န်းရံပေးဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013