DVB Logo
Home
မြန်မာသတင်း
ဟင်္သာတ ဒေသခံ ၆ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး
DVB
·
June 24, 2023
ဟင်္သာတ ဒေသခံ ၆ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဇွန် ၂၂ရက်နေ့ မနက်က ဒေသခံပြည်သူ ၆ ဦးထက်မနည်းကို  စစ်ကောင်စီတပ်က တအိမ်တက်ဆင်း လိုက်လံ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဟင်္သာတမြို့နယ်မှာရှိတဲ့ ကျေးရွာ ၄ ရွာက ပြည်သူတွေကို တအိမ်တက်ဆင်းလိုက်ဖမ်းတာ။ နေရပ်လိပ်စာ နဲ့ အမည်တွေ မေးပြီးလာဖမ်းသွားတာ။ အားလုံးပေါင်း ၆ ယောက်လို့ သိထားတယ်။ အရင် NLD ပါတီဝင်ထဲက ၁ ဦးနဲ့ CDM ကျောင်းဆရာမ ၁ ဦးပါတယ်။ ကျန်တာကတော့ အရပ်သားပြည်သူတွေ။ PDF ထောက်ပံ့လို့ ဖမ်းတာလို့လည်း ပြောသွားတယ်" လို့ နိုင်ငံရေးနဲ့ နီးစပ်သူဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါးဟာ ဟင်္သာတမြို့နယ် နတ်မော်ရွာက CDM ကျောင်းဆရာမ ဒေါ်နွေနွေဦး၊ ကိုင်းတောရွာက NLD ပါတီဝင်ဟောင်း ဦးဇော်ကြီးနဲ့ ကွမ်းခြံကုန်းရွာ သိမ်ကုန်းရွာက အမျိုးသား ၄ ဦးကို PDFထောက်ပံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဖမ်းဆီးသွားတာပါ။

ဟင်္သာတခရိုင် မြန်အောင်မြို့နယ်မှာ စစ်ကောင်စီသတင်းပေးတဦး သေနတ်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၀၂ (၁) ခ ပုဒ်မ ၅၀ (စ) နဲ့ တရားစွဲခံထားရတဲ့ မူလတန်းပြ ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013