DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၈၇၅ ကြိမ်ဖြစ်ပြီး ၅၂ ဦးသေ၊ ၁၁၆ ဦးဒဏ်ရာရ
DVB
·
June 23, 2023
မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၈၇၅ ကြိမ်ဖြစ်ပြီး ၅၂ ဦးသေ၊ ၁၁၆ ဦးဒဏ်ရာရ
Donate to DVB

၂၀၂၃ ခုနှစ်  ဇန်နဝါရီလမှ မေလအတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု ၈၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၅၂ ယောက် သေဆုံးကာ ၁၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာန ကနေ သိရပါတယ်။

ငါးလတာကာလအတွင်း မီးလောင်မှု ၈၇၅ ကြိမ်ဖြစ်ခဲ့ရာ မေလအတွင်း မီးလောင်မှု အများဆုံးဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ ပိုများတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက “မေလထဲမှာ မီးလောင်မှုအကြိမ်ရေ ၁၃၀ ဖြစ်တယ်။ ၁ ဦးသေတယ်၊ ၁၅ ဦး ဒဏ်ရာရတယ်။ ရန်ကုန်က မီးလောင်မှုအများဆုံးပဲ” လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှု ၈၇၅ ကြိမ်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၁ သန်း (မြန်မာကျပ်ငွေ ၁၃ ဒသမ ၄၇ ဘီလီယံ) ထိခိုက်ဆုံးရှုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းများမှာ ပေါ့ဆမီး၊ လျှပ်စစ်မီးဝါယာကြိုးရှော့ဖြစ်မှု၊ မီးဖိုဆောင်မှ မီးလောင်ကျွမ်းမှု၊ တောမီးနဲ့ မိုးကြိုးပစ်မှုလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးသတ်ဦးစီးဌာနက ပြုစုထားတဲ့ ၂၀၂၃ ခုနှစ် ငါးလတာ မီးလောင်မှုစာရင်းမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ရာ ဒေသတွေ ပါဝင်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က နိုင်ငံတဝန်း  မီးလောင်မှု ၁,၅ဝ၇ ကြိမ်ဖြစ်ခဲ့ပြီး ၉၆ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013