DVB Logo
Home
မြန်မာသတင်း
ကင်ဆာရောဂါခံစားနေရသည့် CDM ဆရာများအတွက် ရန်ပုံငွေရှာ
DVB
·
June 23, 2023
ကင်ဆာရောဂါခံစားနေရသည့် CDM ဆရာများအတွက် ရန်ပုံငွေရှာ
Donate to DVB

ကင်ဆာရောဂါ ခံစားနေရတဲ့ အခြေခံပညာ CDM ပညာရေးဝန်ထမ်းတွေကို ကူညီ ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြီး “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ရန်ပုံငွေ ကံစမ်းမဲအစီအစဥ်ကို မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး ပြုလုပ်နေပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ဆရာ ကျော်ရဲလွင်က “ကံစမ်းမဲ ပြုလုပ်ဖြစ်သွားတာကပေါ့နော်၊ CDM ဆရာမနှစ်ဦးက ကျောက်စီပန်းချီကားနဲ့ လူထုဒေါ်အမာရဲ့ ခဲပန်းချီတွေကို လှူတယ်ဗျ။ အဲအခါကျ CDM ဆရာ၊ ဆရာမတွေ စုစည်းပြီးတော့ ကံစမ်းမဲလေးတခု လုပ်မယ်ပေါ့နော်။ ဒါဆို ဘာကိုလုပ်မလဲဆိုတော့ ကျနော်တို့ အခြေခံပညာမှာက လူမှုစီးပွား အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေ အများကြီးကြားထဲကမှ ကင်ဆာရောဂါ ခံစားနေကြရတဲ့ CDM ဆရာ၊ ဆရာမတွေ အများကြီးရှိတယ်ပေါ့။ လစဥ်သွင်းနေရတဲ့ ဆေးဖိုးတွေ မတတ်နိုင်ကြတဲ့အတွက် ကျပ်ကျပ်တည်းတည်း ရင်ဆိုင်နေရ၊ အခက်အခဲတွေ အများကြီး ကြားသိရပါတယ်။ ကင်ဆာအတွက် သီးသန့်ကူညီတာမျိုးလည်း မရှိကြပါဘူး။ ကင်ဆာကြောင့်ပဲ သေဆုံးကြတဲ့ ဆရာ၊ ဆရာမ ဦးရေကလည်း များပါတယ်။ ဒါကြောင့်ပဲ ကင်ဆာဝေဒနာ ခံစားနေကြရတဲ့ CDM ဆရာ၊ ဆရာမတွေအတွက် ကူညီထောက်ပံ့နိုင်ဖို့ဖို့ ရည်ရွယ်ပြီး အခုလို လုပ်ဖြစ်ကြတာပါဗျ။”

ကံစမ်းမဲ တစောင် ကျပ် ၃,၀၀၀ နဲ့ မဲအစောင်ရေ ၂,၅၀၀ လျာထားပြီး ဆုမဲကတော့ CDM ဆရာမတွေရဲ့ လက်ရာတွေဖြစ်တဲ့ လူထု(ဒေါ်)အမာ ရဲ့ ခဲပန်းချီကား တချပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားသုံးချပ်ရယ် ဆုမဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်မှာ ကံစမ်းမဲဖွင့်လှစ်နိုင်ဖို့ လျာထားပြီး မဲလက်မှတ် သတ်မှတ်စောင်ရေ ကုန်အောင်တော့ ရောင်းထွက်အောင် ကြိုးစားနေကြပါတယ်လို့ စီစဉ်သူက ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ စုပေါင်းပြီး ပြုလုပ်ကြတာ ဖြစ်ကာ အဖွဲ့အစည်းတွေအောက်က မဟုတ်ဘဲ ပန်းချီကားတွေ လှူဒါန်းကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ သဘောဆန္ဒတွေအရ လွတ်လွတ်လပ်လပ် စုပေါင်းပြီးလုပ်ကြတာပါလို့ ဆိုပါတယ်။

CDM တိုက်ပွဲမှာရော၊ နွေဦးတော်လှန်ရေးမှာရော အမျိုးသမီးထုရဲ့ ရှေ့တန်းက ရဲရဲရင့်ရင့် ပါဝင်ပေးမှုဟာ အင်မတန် လေးစား မှတ်တမ်းတင်ရမည် ဖြစ်ပြီး အခု ကံစမ်းမဲ အစီအစဥ်လေးမှာလည်း CDM ဆရာမတွေရဲ့ တော်လှန်ရေးအခန်းကဏ္ဍကို ပေါ်လွင်စေမယ်လို့လည်း ပြောပါတယ်။

CDM ဆရာ ဆရာမတွေရဲ့ အနုပညာလက်ရာတွေကို အားပေးရင်း ခက်ခဲပင်ပန်းစွာ ရပ်တည် ရုန်းကန်နေကြရတဲ့ ကင်ဆာရောဂါသည် အခြေခံပညာ CDM ဆရာ၊ ဆရာမတွေကို ကူညီ ထောက်ပံ့နိုင်ဖို့ ကံစမ်းမဲအစီအစဥ်ကို အားပေးကြဖို့ နှိုးဆော် တိုက်တွန်ထားပါတယ်။ဝယ်ယူအားပေးလိုပါက ဖေ့စ်ဘွတ်ခ်စာမျက်နှာ https://www.facebook.com/profile.php?id=100090055247490... နဲ့ https://www.facebook.com/profile.php?id=100011653410699.... တို့မှာ ဝယ်ယူအားပေးပြီး CDM တွေကို ကူညီနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013