DVB Logo
Home
မြန်မာသတင်း
ကန်ထရိုက်တိုက် ပြန်ဆောက်ပေးရန် သင်္ကန်းကျွန်းဒေသခံများ တောင်းဆို
DVB
·
July 10, 2014
ကန်ထရိုက်တိုက် ပြန်ဆောက်ပေးရန် သင်္ကန်းကျွန်းဒေသခံများ တောင်းဆို
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်က စည်ပင်ကရပ်ဆိုင်းထားတဲ့ ကန်ထရိုက်တိုက်တွေ ပြန်ဆောက်ခွင့်ပေးဖို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_60030" align="alignright" width="300"]သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက် သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်[/caption]သင်္ဃန်းကျွန်း (င၊က) ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၈ လလောက်က ရပ်ကွက်နေပြည်သူ ၁၀၀ ကျော်က ကန်ထရိုက်ဆောက်ဖို့ သဘောတူညီချက်နဲ့ တိုက်တွေကို စတင်ဆောက်ခဲ့တာဖြစ်ပြီး ဇွန်လမှာတော့ ရပ်ကွက်နေသူတချို့က အဲဒီတိုက်တွေဟာ ခွင့်ပြုချက်မဲ့ ဆောက်လုပ်တယ်လို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် စည်ပင်သာယာရေးကော်မတီက စာကပ်ပြီး ရပ်ဆိုင်းခိုင်း ထားတာဖြစ်ပါတယ်။

ဆောက်လုပ်ဆဲ နေအိမ် ၁၂၆ လုံးက အိမ်ရှင်တွေက ပြန်ဆောက်ခွင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာပါ။ သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်နေသူ ဒေါ်စန်းမြင့်ကတော့ သူ့အိမ်မှာ စည်ပင်က ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်အနီဖြုတ်ပြီး တိုက်ဆက်ဆောက်စေချင်တယ်လို့ ပြောပါတယ်။

“ဒီအတိုင်းပဲ သူတို့ဘာသာသူတို့ ဆိုင်းဘုတ်ကပ်သွားတာ ရှိတယ်။ ဘာတခွန်းမှ ပြောမသွားဘူး။ ကိုယ့်အိမ်လေးကိုယ် စာခွာချပြီး ပြန်ဆောက်ပြီးတော့ နေချင်တာပေါ့။ ဘာပြောရမလဲ၊ စည်ပင်မှာ ဘာလုပ်ရမလဲ ဒါတော့ သိချင်တာပေါ့။”

သင်္ဃန်းကျွန်း (င၊ က) ရပ်ကွက်မှာ ကန်ထရိုက်တိုက် ၄ လုံး ရပ်နားခံထားရတဲ့ Royal Family ဆောက်လုပ်ရေးအုပ်စုက ဦးဘိုဘိုကတော့ တရားဝင်ဆောက်လုပ်ခွင့် ဆိုင်းဘုတ်အစိမ်း မရှိပေမယ့် စည်ပင်ကို နေ့စဉ် ဒဏ်ကြေးငွေပေးသွင်းကာ ဆောက်လုပ်နေတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်က စိုင်းဘုတ်အစိမ်းမကျသေးပဲနဲ့ ဆောက်တဲ့အတွက်ကြောင့် ကျနော်တို့က ငြိတာ။ စည်ပင်ကိုလည်း ဒဏ်ကြေး တရက် ၁၀၀၀ ကျပ်ပေးပြီး ဆောက်တာ။ ဖိုင်လည်း တင်ထားတယ်။ တရားဝင်မချပေးတဲ့အတွက် ဘာမှလုပ်လို့မရဘူး။ ကျနော်တို့ မတင်တာမဟုတ်ဘူး တင်တယ်၊ စည်ပင်က မချပေးတာ။ စည်းမျဉ်းစည်းကမ်းအရ ဆိုင်းဘုတ်အစိမ်းမကျသေးပဲနဲ့ ဆောက်ခွင့် မရှိဘူး။ နိုင်ငံတော်ကို အခွန်ဆောင်ပြီး ဆောက်တာ။”

သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတော့ သင်္ဃန်းကျွန်းမြို့နယ်မှာ တရားမ၀င်ဆောက်လုပ်တဲ့ တိုက်အလုံး ၆၀၀ ခန့်ရှိပြီး သင်္ဃန်းကျွန်း (င၊က) ရပ်ကွက်မှာဆောက်တဲ့ တိုက်တွေက လိုင်စင်ရကန်ထရိုက်မရှိတဲ့အတွက် အန္တရာယ် အဆင့် သတ်မှတ်ထားတဲ့ အကြောင်း အခုလိုပြောပါတယ်။

“သင်္ကန်းကျွန်းမြို့နယ်ကတော့ စုစုပေါင်း အလုံးပေါင်း ၆၀ ကျော်လောက် တရားမ၀င်တွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ၈ ပေ ၉ ပေလောက် လမ်းလေးကို ၆ ထပ်တိုက်ကြီး ဆောက်ထားတယ်ဗျာ။ နောက်ပြီးတော့ တယောက်ရဲ့ ခေါင်းရင်းက တယောက်ရဲ့ အိမ်သာ။ အဲဒီလိုမျိုး ခြေပြန်ခေါင်းပြန် တိုက်တွေနဲ့ ပတ်သက်ပြီး လိုင်စင်ရတဲ့ ကန်ထရိုက်လည်း မရှိဘူး။ လိုင်စင်ရ အင်ဂျင်နီယာလည်း မရှိဘူးဆိုတော့ ဒါကို အန္တရာယ်အဆင့် သတ်မှတ်ရမယ်။”

အဆိုပါရပ်ကွက်မှာ ၂၀၁၂ ခုနှစ်က စတင်ပြီးလုပ်ငန်းလိုင်စင်မရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ မြေရှင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး တရားမ၀င်ကန်ထရိုက်တိုက် ဆောက်လုပ်မူတွေရှိနေတယ်လို့လည်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရပ်ကွက်နေသူ တချို့ကပြောပါတယ်။

ရန်ကုန်တိုင်း မြို့တော်စည်ပင် နယ်နိမိတ်ထဲမှာ ခွင့်ပြုချက်မရပဲ ဆောက်ထားတဲ့ အဆောက်အဦ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီး အဲဒီထဲက ၁၀၀၀ ကျော်လောက်ဟာ သင်္ဃန်းကျွန်းနဲ့ လှိုင်မြို့နယ်ထဲမှာ အများဆုံးဖြစ်တယ်လို့ စည်ပင် အဆောက်အဦ အင်ဂျင်နီယာ ဌာန၊ ဌာနမှူး ဦးသန်းဌေးက ဇွန်လ ၇ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ခွင့်ပြုချက်မဲ့ အဆောက်အဦဆောက်သူ တချို့ကို ဥပဒေကြောင်းအရ တရားစွဲထားပြီး ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်း အမြင့်ဆုံး ထောင်ဒဏ် ငွေဒဏ် ချမှတ်ပေးဖို့ တရားရုံးကို တင်ပြထားတယ်လို့လည်း သူကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013