DVB Logo
Home
မြန်မာသတင်း
သမဂ္ဂအလံနှင့် ဆိုင်းဘုတ် အဖြုတ်ခံရသဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
DVB
·
July 10, 2014
သမဂ္ဂအလံနှင့် ဆိုင်းဘုတ် အဖြုတ်ခံရသဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ
Donate to DVB

ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ချခံလိုက်ရတဲ့အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် ကျောင်းဝင်းထဲမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။

[caption id="attachment_60021" align="alignright" width="300"]ဓာတ်ပုံ - Dagon University Students' Union ဓာတ်ပုံ - Dagon University Students' Union [/caption]တက္ကသိုလ်က နားနေဆောင် ၁ ကို ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ ယာယီရုံးခန်းလုပ်ထားတာဖြစ်ပြီး မနေ့ညက အလံနဲ့ ဆိုင်းဘုတ် အဖြုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခဲ့တာ ၂ နှစ်ရှိခဲ့ပေမယ့် ရုံးခန်းနေရာ တောင်းတာ မရခဲ့ဘူးလို့ သမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ပြောပါတယ်။

ဒီအတွက် စားသောက်ဆိုင်တခုမှာ စုရပ်လုပ်ပြီး သမဂ္ဂအလုပ်တွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို ကူညီထောက်ခံတဲ့ အဲဒီစားသောက်ဆိုင်ကိုလည်း ကျောင်းအာဏာပိုင်တွေက ခြိမ်းခြောက်တာတွေရှိတယ်။”
သမဂ္ဂအလံနဲ့ ဆိုင်းဘုတ် ဖြုတ်ချခံရတဲ့အပေါ် ဒီနေ့ နေ့လယ်က ပါမောက္ခချုပ်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။

အခုလိုအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ခံရတာဟာ ပါမောက္ခချုပ်အမိန့်နဲ့ဖြစ်တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။
ဒဂုံတက္ကသိုလ်၊ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက “ကြွေးကြော်သံတွေ စီစဉ်ခဲ့ပေမယ့် ဒီနေ့တော့ ကျောင်းသားရေးရာကနေ အ၀ိုင်းကိုပတ်ပြီး ရုံးခန်းကို လမ်းလျှောက်တာပဲလုပ်ခဲ့ပါတယ်။ နောက်အကြိမ်တွေမှာတော့ ဒါထက်ပိုပြီးပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်မှာပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013