DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့၊ NUG က ဒစ်ဂျစ်တယ်ဘဏ် ဖွင့်လှစ်မည်
DVB
·
June 20, 2023
စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့၊ NUG က ဒစ်ဂျစ်တယ်ဘဏ် ဖွင့်လှစ်မည်
Donate to DVB

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ကို အမေရိကန်က စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်ချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒစ်ဂျစ်တယ်ဘဏ်အသစ်တခု မကြာခင်မှာ ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါဘဏ်ကိုတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) အမည်နဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပြီး တော်လှန်ရေးအလွန်ကာလမှာတော့ ပိုမိုကျယ်ပြန့်စွာ ပုံမှန်ဘဏ်တွေလို နိုင်ငံပိုင်ဘဏ်အဖြစ် ဆက်လက်လည်ပတ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အနေနဲ့ မြန်မာကျပ်၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာနဲ့ အမေရိကန်ဒေါ်လာ ငွေကြေး ၄ မျိုးနဲ့ စတင်ပြီး ဝန်ဆောင်မှုပေးမယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတခုကို NUG အစိုးရ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြန်လည်မျှဝေထားခဲ့ပေမဲ့ တရားဝင် အတိအကျ ထုတ်ဖော်ပြောထားတာမျိုးတော့ မရှိသေးပါဘူး။

NUG အစိုးရအနေနဲ့ အခုလဆန်းတုန်းကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိန်းကျောင်းဖို့နဲ့ အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေကို အကြမ်းဖက်လုပ်ရပ်‌တွေမှာ သုံးနေတာကနေ တားဆီးဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလဗဟိုဘဏ် (Interim Central Bank) အဖြစ် အာဏာအပ်နှင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဥပဒေလို အာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း ဗဟိုဘဏ်‌တွေနည်းတူ ဗဟိုဘဏ်တရပ်အနေနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ပေးလိုက်တာပါ။

ဇွန် ၁၃ ရက်မှာတော့ ကြားကာလ ဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ကို ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013