DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပ မြတ်မောင်ရွှေဆိုင် ဓားပြမှုဖြင့်  လူ ၉ ဦးကို ဖမ်းဆီး
DVB
·
June 20, 2023
မြောက်ဥက္ကလာပ မြတ်မောင်ရွှေဆိုင် ဓားပြမှုဖြင့်  လူ ၉ ဦးကို ဖမ်းဆီး
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ ဘုမ္မာလမ်းထိပ်က မြတ်မောင် စိန်နဲ့ရွှေထည်ပစ္စည်းဆိုင် ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ဆက်စပ်သူ  ၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

မြတ်မောင်ရွှေဆိုင်ဟာ ဇွန် ၁၈ ရက် ညနေက ဓားပြတိုက်ခံရတာဖြစ်ပြီး ‌စိန်ထည်ပစ္စည်း ကျပ်သိန်း ၅၀၀၀ ဖိုးနဲ့ ရွှေထည် ကျပ်သိန်း ၁၁,၆၀၀ ဖိုး စုစုပေါင်း ကျပ်သိန်း ၁၆,၆၀၀ ခန့် လုယက်ခံလိုက်ရတဲ့အပြင် ဓားပြတွေက သေနတ်ပစ်ခတ်သွားတာကြောင့် ဧည့်ကြိုဝန်ထမ်းအမျိုးသား ၂ ဦး ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရပါတယ်။ 

အဆိုပါ ဓားပြမှုမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး စုံတွဲတို့ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အကယ်ဒမီဟိုတယ်က အခန်းတခုမှာ အရင်ဆုံး ဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ၂ ရပ်ကွက်နဲ့ ၅ ရပ်ကွက်တို့ရှိ နေအိမ်တွေက အသက် ၂၀ ဝန်းကျင်အမျိုးသား ၅ ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့သလို ဧရာ၀တီ၊ မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းရွာနေ အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လ ၁၈ ရက် ည ၁၀နာရီခွဲခန့်က ဝေဘာဂီမြို့သစ်၊  ၅ ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းထဲမှာ ဧည့်စာရင်းစစ်ရင်း လူငယ် ၄ ဦးကို စစ်ကောင်စီဘက်က ဖမ်းခေါ်‌သွားတယ်လို့ ရပ် ကွက်နေသူတွေက အတည်ပြုပြောကြားထားပါတယ်။ 

ဓားပြမှုနဲ့ပတ်သက်လို့ မြတ်မောင်ရွှေဆိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆိုင်ရှင်ဖြစ်သူက  “ ဖြစ်ခဲ့တုန်းက ဈေးထဲက ဆိုင်မှာ မဟုတ်ပါဘူး၊ နေတဲ့အိမ်မှာပဲ ဖြစ်သွားတာ၊ အခုလောလောဆယ်တော့ သက်ဆိုင်ရာကလည်း ပြောပြထားပါတယ် ”လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူ ၉ ဦးဆီက M4A1 သေနတ် ၂ လက်၊ M16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ၉မမ ကျည်ဆန် အတောင့် ၂၁၀ ၊ ၅.၅၆ ကျည်အတောင့် ၃၄၀၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၈ ခုနဲ့ တိုက်ရာပါ ရွှေထည်ပစ္စည်းတွေ ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေဟာ မြတ်မောင်ရွှေဆိုင်ဓားပြမှုမှာ အမှန်တကယ်ပါဝင် ပတ်သက်သူတွေ ဟုတ်မဟုတ်ကိုတော့ ကာယကံရှင်တွေဘက်က ပြောဆိုတာမရှိသေးသလို  သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

ဓာတ်ပုံ-ရဲတပ်ဖွဲ့ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013