DVB Logo
Home
မြန်မာသတင်း
မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း
DVB
·
July 10, 2014
မြန်မာ-အမေရိကန် ဆက်ဆံရေး ပြန်သုံးသပ်ရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာကို ထောက်ပြပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ အဒ် ရွိုက်စ် က အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

usa_myanmar_flag_400မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ သြဂုတ်လခရီးစဉ်နဲ့ သမ္မတ အိုဘားမားရဲ့ နိုဝင်ဘာ ခရီးစဉ်တွေမတိုင်ခင် ခုလို တောင်းဆိုလိုက်တာလို့ ဖော်ရိမ်း ပေါ်လစီ(Foreign Policy) မဂ္ဂဇင်း အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

စီးပွားရေးအခွင့်အလမ်းတွေ များပြားလာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ဆက်လက် ဖိနှိပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာ ကူညီမှု မရတာတွေ၊ လွှတ်တော်မှာ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ထားတဲ့ ဥပဒေကို အတည်ပြုဖို့ လုပ်ဆောင်နေတာတွေနဲ့ နောက်နှစ် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ၀င်အရွေးခံနိုင်ဖို့ တားမြစ်ထားဆဲ ဖြစ်နေတာတွေကို အဓိက ထောက်ပြထားတာပါ။

ရိုဟင်ဂျာတွေကို အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အမည်စာရင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဗီဇာပိတ်ပင်တဲ့ စာရင်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထူး သတ်မှတ်ထားသော နာမည်ပျက်ပုဂ္ဂိုလ်စာရင်းထဲ ထည့်သွင်းဖို့လည်း ရွိုက်စ်က အစိုးရအဖွဲ့ကို အထူး တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အရာရှိတွေ မြန်မာစစ်တပ်နဲ့ ဆွေးနွေးခဲ့တဲ့ မြန်မာစစ်တပ်ကို လေ့ကျင့် သင်တန်းပေးမယ် ဆိုတဲ့ကိစ္စကလည်း အချိန်မတန်သေးဘူးလို့ ဆိုနိုင်တာကြောင့် ၂ နိုင်ငံ စစ်ရေးဆက်ဆံမှုကို အဆုံးသတ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013