DVB Logo
Home
မြန်မာသတင်း
မြန်မာအယောက် ၇၀၀ ကို ၁၀ နှစ်ခံကတ်ထုတ်ပေးမှုဖြင့် ထိုင်းအရာရှိ ၃ ဦး နယ်ပြောင်းခံရ
DVB
·
June 18, 2023
မြန်မာအယောက် ၇၀၀ ကို ၁၀ နှစ်ခံကတ်ထုတ်ပေးမှုဖြင့် ထိုင်းအရာရှိ ၃ ဦး နယ်ပြောင်းခံရ
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားအယောက် ၇၀၀ ကို ထိုင်းတွင်နေထိုင်ခွင့် ဆယ်နှစ်ခံကတ် ထုတ်ပေးမှုသံသယနဲ့ နိုင်ငံသားမှတ်ပုံတင်ရုံး အရာရှိ ၃ ယောက်ကို ရွှေ့ပြောင်းဖို့ မဲဆောက်မြို့တော်ဝန်က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဒါက ဆုံးဖြတ်ချက်ချထားတဲ့ အဆင့်မှာသာ ရှိသေးပြီး ‌ခုလို အရှုပ်တော်ပုံသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဆယ်နှစ်ခံကတ် ထုတ်ပေးနေတဲ့ထဲမှာ မြန်မာ စစ်အုပ်စု ဆန့်ကျင် ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ PDF တွေလည်း အပါအဝင်ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ Matichon Online သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်ကလည်း မဲဆောက်ဘက်ခြမ်းကို လာရောက်ပြီးတော့ ဆယ်နှစ်ခံ နေထိုင်ခွင့်ကတ်တွေ ပြုလုပ်နေတာတွေ ရှိနေပြီး ခုလိုလုပ်ဆောင်နေတာဟာ ၃ လ လောက်ရှိခဲ့ပြီဖြစ်ပြီး အယောက် ၇၀၀ လောက်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကာ ပျမ်းမျှတရက်ကို ၁၅ ယောက်ကနေ အယောက် ၂၀ ကြား ရှိနေတယ်လို့ ဆိုပါတယ်။

ဆယ်နှစ်ခံကတ် လုပ်ဖို့အတွက် တချို့ရက်တွေမှာ မဲဆောက်မြို့က နိုင်ငံသားမှတ်ပုံတင်ရုံးထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နှက်နေပြီး အဆိုပါ ဒေသတွင်းက မှတ်ပုံတင်ကတ် လုပ်မယ့် ထိုင်းလူမျိုးတွေဟာ မှတ်ပုံတင်ကတ်ရဖို့ တန်းစီစောင့်ဆိုင်းနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဆယ်နှစ်ခံ နေထိုင်ခွင့်ကတ်တခုအတွက် တယောက်ကို ဘတ်ငွေ ၄ သောင်းကနေ ၁၀ သိန်းအထိ လာဘ်ထိုးမှုတွေ ရှိနေပြီးတော့  စုစုပေါင်း ၀င်ငွေ ဘတ်ငွေ ၂၈ သန်းကနေ သန်း ၃၀ လောက်ထိ ရှိနိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆယ်နှစ်ခံကတ်ထုတ်ပေးမှုနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံသားတွေဆီက တိုင်ကြားမှုတွေလည်း အများအပြားရှိနေပြီး တာ့ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆမ်ချိုင်း ကစ် ချာရွန်ဂရို့က အဆိုပါ လုပ်ရပ်ကို သဘောမတူတဲ့ ဝန်ထမ်းတွေနဲ့ ဗဟိုမှတ်ပုံတင်ရုံး တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ချိန်မှာတော့ တချို့ အိမ်ထောင်စုစာရင်းတွေထဲမှာ ထည့်သွင်းထားတာတွေထဲ နိုင်ငံခြားသားနာမည်နဲ့ အယောက် ၁၀၀ လောက် ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ အပြစ်ပေးအရေးယူတာတွေ ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုထားပြီး တာ့ခရိုင် အုပ်ချုပ်ရေးမှူးကတော့ တာဝန်ရှိသူ တွေအနေနဲ့ အမှားလုပ်မိပါက မိမိကိုယ်တိုင် တာဝန်ယူဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာတော့ မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်ကြသူတွေအပါအဝင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရားမဝင် ထွက်ပြေးတိမ်းရှောင်ခိုလှုံလာကြသူတွေ သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မကြာခဏဆိုသလို စီမံချက်နဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေကြတာကြောင့် အထောက်အထားမဲ့မြန်မာနိုင်ငံသား အများအပြားဖမ်းဆီးခံနေရကာ အဆိုပါ ဖမ်း ဆီးခံရသူတွေဟာ မဲဆောက်ရဲစခန်းမှာ တယောက်ကို ဘတ် ၅ထောင်ကနေ ၁ သောင်းအထိ ဒဏ်ကြေးဆောင်ကာ ပြန်ထွက်ခွင့်ရပြီး ငွေကြေးမပေးနိုင်သူတွေကတော့ အ ချုပ်ထဲ မှာ ၄၅ ရက်ကြာ နေထိုင်ရပြီးတော့ အချုပ်က ပြန်လွတ်လာသူတွေကို ထိုင်းနိုင်ငံအတွင်း ပြန်လွှတ်တာတွေရှိသလို မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် (၂) ကတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်တာမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013